Part - 25

15.8K 2K 91
                                    

ရိပေါ်အိမ်ပြန်ရောက်တော့ အိမ်ကြီးတစ်အိမ်လုံးက တိတ်ဆိတ်နေသည် ။ မိဘအိမ်မရောက်တာကြာပြီဖြစ်ပေမဲ့လည်း မိဘအရိပ်အောက်ဆိုတဲ့အသိနဲ့တင် ရင်ထဲနွေးတေးတေးနဲ့ ။ အရွယ်ရောက်ပြီးကြတဲ့ ယောက်ျားလေးအများစုက မိဘနဲ့ခွဲထွက်ကာ တစ်ယောက်တည်းနေကြတာ ထုံးစံတစ်ခုလိုဖြစ်နေပေမဲ့ သူကတော့ မိဘကို အထူးသဖြင့် မာမားကိုစိတ်ဆိုးပြီး အိမ်ကဆင်းခဲ့ခြင်းသာ ။

တကယ်တော့ သူကဆိုးပါတယ်လေ ။

ရိပေါ် သူပြန်ရောက်ပြီဖြစ်ကြောင်း ပြောဖို့ရန်အတွက် သူမိဘတွေနေတဲ့အခန်းဆီသို့ လျှောက်လာခဲ့တယ် ။ သိပ်မကြာပါဘူး သူအခန်းရှေ့ခြေခြမိတဲ့အခါ အခန်းထဲကစကားပြောသံတွေထွက်လာခဲ့ပါသည် ။

" သားကျန့်ကို မင်းဘာလို့လက်မခံနိုင်ရတာလဲ ? ဘာလို့လဲ သဘောမကျစရာ ဘာရှိလို့လား "

ပါပါးစကားအကြားမှာ မာမားဆီက သက်ပြင်းချသံကို ရိပေါ်ကြားလိုက်ရ၏ ။

" သားကျန့်က လိမ္မာတယ် ရိုသေတယ် တော်တယ် ချောတယ် ကျွန်မ ဘာသဘောမကျစရာရှိလဲ ၊ သားကျန့်က ကျွန်မတို့သားနဲ့ တန်းတူနီးပါးချစ်ခဲ့ရတဲ့ ကလေးပဲ "

သူမက ခဏမျှစကားကိုရပ်သည် ။

" ကျွန်မစိတ်ပူတာ သူတို့ရဲ့အနာဂတ်ပဲ ၊ နှစ်ယောက်လုံးက ကျွန်မချစ်ရတဲ့သားတွေပဲမို့ နည်းနည်းလေးမှ အထိခိုက်မခံနိုင်ဘူး "

" ဒါကြောင့်ပဲ ကလေးတွေကိုခွဲတယ်ပေါ့ "

" အဲ့တုန်းက သူတို့တအားငယ်သေးကြတဲ့အတွက် လမ်းမှားမလျှောက်မိအောင် လုပ်လိုက်တဲ့သဘောပါပဲ "

" ဒါပေမဲ့ နောက်ဆုံး မင်းလူဆိုးမကြီးဖြစ်မသွားဘူးလား "

" ရှင်နော် "

မာမားဆီက မကျေမနပ်ဆူပုတ်သံလိုထွက်လာတော့ ရိပေါ် ပြုံးမိသွား၏ ။ သေချာကြည့်မိပါလျှင် မျက်ဝန်းထဲက ဝေ့သီနေတဲ့ မျက်ရည်အပိုင်းအစလေးကိုတောင် တွေ့နိုင်ပါသေးတယ် ။ နောက်တော့ သူ့မိဘတွေ ဘာတွေထပ်ပြောကြလဲ သူနားမထောင်မိတော့ ။ နေရာကနေ ပြန်လှည့်ကာ သူအပေါ်ထပ်ကသို့သာတက်ခဲ့တော့သည် ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now