Epi - 17

24.6K 3K 193
                                    

" သားတို့ လာ လာ ... ဗိုက်ဆာပြီလား ထမင်းစားလို့ ရပြီ ၊ ခုပဲ မင်းတို့ပါပါးနဲ့ ခေါ်ခိုင်းတော့မလို့ "

အိမ်ထဲ အတူတကွဝင်လာတဲ့ ရှောင်းကျန့်နဲ့ ရိပေါ်ကို မာမားက မေးကာ အိမ်နောက်ထဲဝင်သွားတာမို့ သူတို့နှစ်ယောက်လဲ ဘာမှမပြောတော့ဘဲ ဝင်လာခဲ့သည် ။

" ဝါးးး ဒါတွေအကုန်လုံး ရိပေါ် ကြိုက်တဲ့ဟင်းတွေမလား "

ရှောင်းကျန့်က ပြောလဲပြော လက်နဲ့နှိုက်လိုက်တာမလို့ မာမားက သူ့လက်ကို ဆတ်ခနဲရိုက်ချသည် ။ စားပွဲအပြည့် ဟင်းပွဲတွေကိုကြည့်၍ ရှောင်းကျန့် မျက်လုံးလဲပြူးရသည် ။ ဒါတောင် ရိပေါ်ကိုခေါ်လာမည့်အကြောင်း မပြောထားပေလို့ပဲ ။ ပြောများပြောထားရင် စားပွဲခုံနှစ်ခုဆက်ပြီး စားရမလားမသိ ။

" စည်းမရှိ ကမ်းမရှိနဲ့ ဘယ်သူမှတောင်မစားရသေးတာကို "

" မာမားက အရမ်းမျက်နှာလိုက်တာပဲ ၊ မတွေ့ရတာကြာတဲ့ သားအရင်းတစ်ယောက်လုံး ရောက်လာတာကိုကျ သားကြိုက်တဲ့ဟင်းမချက်ကျွေးဘူး ၊ ရိပေါ်ကိုကျ အကုန်သူကြိုက်တာချည်းပဲ ချက်ထားတယ် "

ရှောင်းကျန့်က တမင်နှုတ်ခမ်းဆူထားကာ မကျေမနပ်လေးလုပ်၍ပြောသည် ။ ရိပေါ်က သူ့ကိုလှမ်းကြည့်တော့ သူနှာခေါင်းရှုံ့ ပြလိုက်မိ၏ ။ ကိုကို့ရဲ့ ချစ်စရာကောင်းမှု့အပေါ် ကြွေကျလိုက်စမ်းပါ ကောင်လေးရယ် ဆိုတဲ့အထာနဲ့ပေါ့ ။

" လုပ်မနေနဲ့ ကျန့်ကျန့် ၊ နင်က တချိန်လုံးတွေ့နေရတာ ငါတို့ရိပေါ်လေးက အခုမှပထမဆုံးရောက်တာကို "

သူတို့စားပွဲမှာဝင်ထိုင်တော့ မာမားက ရိပေါ်ဆီကို ဟင်းတွေထည့်ပေးသည် ။ ဟင်းအများကြီး မစားနိုင်သည့် ရိပေါ်ရဲ့မျက်နှာက သူ့ပန်းကန်ထဲရောက်လာတဲ့ဟင်းတွေကိုကြည့်ပြီး အင်တင်တင်နဲ့ ။ ရှောင်းကျန့် ရယ်ချင်သွားသည် ။

" တော်ပါတော့ဗျာ မားရယ် ... ရိပေါ် သူ့ဘာသူထည့်စားပါစေ ၊ ပြီးတော့ သူ မုန်လာဥမစားဘူး "

ရှောင်းကျန့်က ရိပေါ်ရဲ့ ပန်းကန်ထဲက မုန်လာဥကို လှမ်းယူကာ သူ့ပါးစပ်ထဲထည့်လိုက်တယ် ။ အခုမှပဲ ရိပေါ်က ကယ်တင်ရှင်တွေ့သွားသည့်နှယ် မျက်လုံးတွေလက်သွားသည်ကိုတွေ့တော့ ရှောင်းကျန့်ပြုံးမိပြန်သည် ။ ထို့နောက် ရိပေါ်က သူကိုယ်တိုင် မုန်လာဥဖတ်လေးတွေကို တူနဲ့ညှပ်ကာ ရှောင်းကျန့် ပန်းကန်ထဲကို ထည့်လာသည် ။ ရှောင်းကျန့်က မျက်ခုံးတွေပင့်သွားကာ ဘေးတိုက်မြင်နေရတဲ့ ရိပေါ်ကို တအံ့တဩလှမ်းကြည့်လို့ ။

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now