Part - 4

27.3K 3.2K 90
                                    

ရှောင်းကျန့်က ဒီနှစ် ဆောင်းရာသီအတွက် အထူးစီစဉ်ထားတဲ့ project ရဲ့ အဓိကပဲ့ကိုင်ရှင်လို့ပြောရမလား ။ သူ့ဒီဇိုင်းမပါဘဲ ရှေ့ဆက်မရဘူးဆိုတော့ သေချာပေါက် သူကအဓိက ဇာတ်ဆောင်ပဲပေါ့ ။

စားပွဲပေါ်က green tea ခွက်ကိုကြည့်လိုက် လပ်တော့ပ်စာမျက်နှာပေါ်က ရှောင်းကျန့်ရဲ့ ဒီဇိုင်းကိုကြည့်လိုက်နဲ့ ရိပေါ် အတော်လေး စိတ်အိုက်နေခဲ့သည် ။

ဒါတွေရဲ့ အဓိက တရားခံမှာ သူ့အကိုဖြစ်သူ ဝမ်ကျိုးချန်ပဲဖြစ်တာမို့ ရိပေါ် ဖုန်းဆက်ပြီး အားရပါးရဆဲဆိုပစ်လိုက်သည် ။ သူ့ဆန္ဒကိုမမေးဘဲ ၊ သူဘာဖြစ်ချင်တယ်ဆိုတာမမေးဘဲ ရှောင်းကျန့်ကို အလုပ်တစ်ခါတည်းခန့်ပစ်လိုက်တာကို သူစိတ်အတိုဆုံးဖြစ်သည် ။

ဒါများ တစ်ခါတည်းဆွဲခေါ်လာခဲ့ပါလား ။ လူကြားကောင်းအောင် အင်တာဗျူးခေါ်တယ်က လုပ်သေး ။

ရိပေါ် ထွက်နေတဲ့ ဒေါသကို အတတ်နိုင်ဆုံးမြိုချထားလိက်ကာ ယွီပင်းဆီဖုန်းခေါ်လိုက်သည် ။ မတတ်နိုင်ဘူး ။ အလုပ်က အလုပ်ပဲကိုး ။

" ရှောင်းကျန့်ကို ဝင်လာခိုင်းလိုက် "

ဘယ်လောက်မှမကြာလိုက် အခန်းတံခါးခေါက်သံနဲ့အတူ ရှောင်းကျန့်အခန်းထဲကို ဝင်လာသည် ။ ရိပေါ် သူ့ကိုကြည့်မနေပေမဲ့ မျက်စိထောင့်ကနေ အားလုံးမြင်နေရသည် ။ ဒါပေမဲ့ သူစားပွဲခုံးကနေ မထသေးဘဲ လပ်တော့ပ်ကို ဆက်ကြည့်နေလိုက်သည် ။

" ရိပေါ် ငါ့ကိုခေါ်တယ်ဆို "

" အခေါ်အဝေါ် ဆင်ခြင်ပေးဖို့ပြောမထားဘူးလား ၊ ဒီနေရာမှာ ငါကမင်းရဲ့ သူငယ်ချင်းမဟုတ်ဘူး "

ရှောင်းကျန့် မသိမသာနှာခေါင်းရှုံ့ လိုက်မိသည် ။ စိတ်ကလဲ လက်တစ်ဆစ် ။

" ဟုတ်ကဲ့ ဒါရိုက်တာကြီး ကျွန်တော့ကို ဘာလို့ခေါ်တာပါလဲ ခင်ဗျ "

ဒီလိုပြောတော့လဲ ရှောင်းကျန့်ကို စူးစူးရဲရဲ ကြည့်လာပြန်တယ် ။ ပြီးတော့ နေရာကနေ ထလာကာ ဆိုဖာပေါ်ထိုင်လိုက်သည်မို့ ရှောင်းကျန့်ပါ လိုက်ထိုင်ဖို့လုပ်ရသည် ။

" ဘယ်သူကထိုင်ခိုင်းလို့လဲ "

" ဟမ် "

" မထိုင်နဲ့ "

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now