brown envelope

8.6K 487 13
                                    

-brown envelope;

ဒီနေ့ Jungkookအလုပ်ကနေ စောစောပြန်လာဖြစ်တယ်။လက်ထဲမှာအညိုနုရောင်စာအိတ်တစ်ခုကိုကိုင်ထားပြီး သူ့တိုက်ခန်းထဲဝင်တော့ ခုလေးတင်အိမ်အလုပ်တွေပြီးပြီ မီးဖိုဆောင်ထဲကထွက်လာတဲ့ Jiminနဲ့ဆုံတယ်။

"မင်းဒီနေ့ အိမ်ပြန်လာတာစောသားပဲ"

ယော်ကျားဖြစ်သူ Jungkookရဲ့ ပင်းပန်းနေတဲ့မျက်နှာကိုတွေ့တော့ Jiminလည်း ပြောမိသည် ။

"အင်း....သီချင်းရေးတာပြီးသွားလို့ စောစောပြန်လာတာ"

ဝတ်ကျေတန်းကျေ Jungkookရဲ့ ဖြေရှင်းချက်ကို Jimin ခေါင်းကိုအသာငြိမ့်ပြလိုက်သည် ။

ဒီလိုနဲ့ သူတို့နှစ်ယောက်ကြား ခဏလောက်တိတ်ဆိတ်သွားတယ်။Jungkookရော စကားမပြောသလို Jiminလည်းမပြောမိဘူး။သူတို့ဒီလိုပုံစံနဲ့နေဖြစ်လာတာ အခုဆို နှစ်နှစ်လောက်ရှိသွားပြီ။တခါတလေဆို သူ့တို့ရဲ့သက်ဆိုင်ရာအလုပ်တွေနဲ့ရှုပ်နေလွန်းလို့ တစ်ယောက်ရဲ့ဖြစ်တည်မှုကို တစ်ယောက်မေ့လာတယ်။

မြို့ထဲက studioတစ်ခုမှာ music producerလုပ်ရင်း Jungkookဟာ သီချင်းရေးဖို့ တစ်ချိန်လုံးစဉ်းစားတွေးခေါ်နေပြီး တစ်ဖက်မှာ Jiminကလည်း ခရီးတိုလေးတွေအမြဲသွားပြီး စာတွေစရေးကာ ထုပ်ဝေသူဆီပို့ပြီး စာအုပ်ထုပ်ကာ အပိုငွေလေးတွေရှာဖို့ပဲ လုံးပန်းနေတယ်။

သူတို့နှစ်ယောက် ထိမ်းမြားလက်ထပ်ပြီးတာ ငါးနှစ်ပင်ရှိရောပေါ့။ပထမသုံးနှစ်မှာတော့ အဆင်ပြေချော့မွတ်ခဲ့ပြီးလွန်ခဲ့တဲ့နှစ်နှစ်ကစပြီး သူတို့တွေရှောင်ဖယ်လာကြတယ်။ရံဖန်ရံခါမှ သူတို့စကားပြောဖြစ်ပြီး ၊ အတူတူနေထိုင်ဆက်ဆံခြင်းလည်း သူတို့မလုပ်ဖြစ်တော့ဘူး။

"Jimin ခဏလောက်ဒီကိုလာပါလား ကိုယ်ပြောစရာရှိလို့"

ထမင်းစား စားပွဲမှာထိုင်ရင်းနှင့် Jungkook Jiminကိုပြောသည်။

သူ့ယောကျာ်းဖြစ်သူစကားကိုကြားတော့ Jiminလည်း ထမင်းစား စားပွဲကိုလာလိုက်သည် ။

"မင်းဘာပြောချင်လို့လဲ?"

အိမ်ထဲကိုခြေစလှမ်းထဲက တစ်ချိန်လုံးကိုင်လာခဲ့တဲ့ စာအိတ်ညိုလေးကို Jungkook စားပွဲမှာတင်လိုက်တယ်။

30 Days Where stories live. Discover now