day 3.

2.3K 295 2
                                    

- day 3 ;

Jiminကိုဖက်ထားလျက်နှင့်ပင် Jungkookနိုးလာခဲ့သည်။နေခြည်စူးစူးက ကမ်းခြေမှာရပ်ထားဆဲဖြစ်တဲ့ကားထက်က လူသားနှစ်ယောက်ဆီသို့ ဖြာကျလာသည် ။

သူရှေ့ကကိုယ်ငယ်လေးနိုးမသွားစေဖို့ Jungkook အတက်နိုင်ဆုံးမလှုပ်မိအောင်နေမိသည်။

Jiminရဲဆံစတွေကို ညင်ညင်လေး Jungkook ပွတ်သတ်မိတော့ သူ့လက်အရည်ပြားမှာခံစားနေရတဲ့ Jiminဆံနွယ်တွေဟာ အရမ်းကိုနူးညံ့၏ ။ သူတို့ဒီလိုတစ်ယောက်ရင်ခွင်မှာတစ်ယောက်မနိုးထဖြစ်တာ သုံးနှစ်တောင်ရှိသွားပါပြီလား။

Jungkook စိတ်ထဲကိုယ့်ကိုကိုယ်ကျိန်ဆဲမိပြန်သည် ။ သူတို့နှစ်ယောက်အိပ်နေတဲနေရာကအရမ်းကိုကျဉ်းလွန်းနေတယ်။တကယ်တော့ သူတို့အိပ်ဖို့အတွက်နေရာကလုံလုံလောက်လောက်ကိုကျယ်ပါတယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာဒီထက်ပိုကျယ်ရင် ပိုကောင်းမယ်လို့ထင်မိတယ်။

ဖက်ပြီးနေရာတာလည်းထင်သလောက်တော့မဆိုးပါဘူး။

Jungkook ပြစ်မျိုးမှဲ့မထင်စွာအိပ်နေတဲ့ Jimin ကိုငေးကြည့်မိသည် ။ သူ့ရဲ့ရွှင်ပျော်ရာဖြစ်ခဲ့တဲ့ Jiminရဲ့မျက်နှာအုအုတစ်ခုလုံးအပါအ၀င် ။ဒီကမ္ဘာမှာ Jiminလိုလှနိုင်တဲ့လူရှိရဲ့လားလို့တောင် သူမေးခွန်းထုပ်မိပါရဲ့။

အကယ်ဤ Jiminလိုလှတဲ့လူနောက်တစ်ယောက် ရှိများရှိခဲ့ရင်တောင် ဘုရားသခင်က သူ့အတွက်ဆိုပြီးသိမ်းထားချင်သိမ်းထားမှာ။

သူချစ်မိခဲ့တဲ့ Jiminရဲ့မျက်ဝန်းတွေ

သူရဲ့နှုတ်ခမ်းတွေ

သူ့ရဲ့နှာခေါင်း

ဒီတိုင်းPark Jiminဆိုတဲ့လူသား ဖြစ်တည်မှုကို သူမြတ်နိုးခဲ့တာပါ။

လူတွေက ဒီလိုပြောကြတယ်။ဘဝမှာတစ်ခါပဲ အချစ်မှာကျရှုံးရမှာပါလို့။ဒါပေမဲ့ သူကတော့ Jiminကို မြင်လိုက်တဲ့အချိန်တိုင်း အချိန်တိုင်း အချစ်မှာအကြိမ်ကြိမ်ကျရှုံး‌တယ် ။သူဟာ အမြဲတမ်း အချစ်မှာကျရှုံးနေတဲ့သူ ။

ဒီနှစ်တွေအတွင်း သူတို့တစ်ယောက်ကိုတစ်ယောက်ရှောင်ခဲ့ကြတယ်။အဲ့ဒါက Jiminမျက်နှာလေးကို Jungkookကြည့်ခွင့်မရစေခဲ့သလို သူတို့အချစ်တွေကိုလည်း တစ်ဆစီပျက်စီးစေခဲ့တယ်။

💌

- day 3 ;









သူရဲ့နှုတ်ခမ်းတွေ

သူ့ရဲ့နှာခေါင်း




💌

30 Days Where stories live. Discover now