day 4.

2.2K 291 2
                                    


- day 4 ;

လျှပ်တစ်ပြတ်အတွင်းမှာပဲ လေးရက်ဆိုတာ‌ ကုန်သွားခဲ့ပြီ ။ ဒီနေ့တော့ သူတို့ပထမဆုံးစတင်ဆုံဆည်းခဲ့တဲ့ ကော်ဖီဆိုင်လေးကိုသွားဖို့ စီစဉ်ထားကြသည် ။

တစ်ယောက်ခြင်းစီရဲ့ အကြိုက်ဆုံးသောက်စရာကိုမှာကြတယ်။ပြတင်းပေါက်ရှေ့က စားပွဲလေးမှာ caramel machiatoလေးသောက်ရင်းနဲ့ ပျော်စရာကောင်းနေတော့တယ် ။

"မင်းလက်ထဲမှာကိုင်ထားတဲ့ templateတစ်ခုလုံးကို ကိုယ်ဖျက်စီးပစ်ခဲ့တာကို မှတ်မိသေးလား"

အတိတ်အကြောင်းလေးတွေပြန်ပြောဖြစ်တော့ ရင်ခုန်သံဟာလှိုက်ဖိုလာပြန်တယ်။

"သေချာပေါက် မှတ်မိတာပေါ့!မင်းကိုငါအဲ့တုန်းက ဘယ်လောက်မုန်းခဲ့လဲဆိုတာ မင်းမသိဘူး မင်းစဉ်းစားလို့တောင်ရနိုင်မှာမဟုတ်ဘူး kook!"

ခေါင်းတွေခါရမ်းရင်း Jiminရယ်မိတယ်။သူလည်း ဒီလိုစိတ်မွေးခဲ့ဖူးသား။

"ဒါပေမဲ့ မင်းကိုယ့်ကိုခွင့်လွှတ်ပေးခဲ့တာပဲလေ"

Jungkook caramel machiatoကို သောက်ရင်းနဲ့ပြောလိုက်တော့....

"အဲ့တုန်းက မင်းကချစ်ဖို့ကောင်းခဲ့လို့ပါ"

"အခုကော ချစ်ဖို့မကောင်းဘူးလား?"

မျက်ခုံးပင့်ကာ Jungkookမေးတော့....

"ပထမငါးနှစ်ကတော့ တကယ်ပြောင်းလဲမှုတွေများတယ် Jungkook ဒါပေမဲ့ မင်းကငါ့ရဲ့အမြဲတမ်းအတွက် ခန့်ညားတဲ့ ယောကျာ်းဖြစ်နေမှာပါ Jungkook-ah"

Jiminရဲ့စကားတွေကြောင့် Jungkook သည်းတောင်သည်းမိသည် ။ ပါးပြင်မှာအနီရောင်တွေကလည်း တလိမ့်လိမ့်တက်လာလို့ပေါ့ ။

"ဖျော်ရည်အရသာက အရင်တုန်းကအတိုင်းပဲနော်"

ဖျော်ရည်ခွက်ကို ပိုက်နဲ့မွှေရင်း Jimin စကားလမ်းကြောင်းပြောင်းလိုက်သည် ။

"အင်း....ဟုတ်တယ် ပြီးတော့မင်း အအေးခွက်ထဲ သကြားထည့်ရတာ မကြိုက်ဘူး မင်းဘာလို့သကြားကို အဲ့လောက်မုန်းလဲ ကိုယ်တကယ်မသိဘူး"

30 Days Where stories live. Discover now