day 9.

2.3K 263 6
                                    

- day 9;

ဒီရက်ပိုင်းတွေမှာမစားဖြစ်တဲ့ ဟင်းတစ်ခုကိုချက်ဖို့ သူတို့လုပ်ကိုင်နေကြသည် ။

သူတို့နှစ်ယောက်ရဲ့အကြိုက်ဆုံး ဟင်းလျာလည်းဖြစ်၏ ။ အချိန်အတိုင်းတာ တစ်ခုလောက်ထိ သူတို့နှစ်ယောက်စားသောက်ဖြစ်တဲ့အခါတော့ သက်သက်စီပဲစားဖြစ်ခဲ့သည် ။Jungkookကလည်း Jiminကို သူ့အတွက် ထမင်းပွဲပြင်ပေးဖို့ ဖို့မပြောဘူးလေ။

Jiminက ဟင်းကိုကောင်းကောင်းချက်တတ်တာ Jungkookအသိဆုံး။Jungkookနဲ့ မတွေ့ခင်ထိ သူ့ရဲ့ဝမ်းကွဲအကို Soekjinနဲ့ အတူနေခဲ့ပြီး Soekjinဆီက ဟင်းချက်နည်းတွေကို Jimin အကုန်သင်ခဲ့သည် ။

"Gukk ငါ့ကို Parmesan Cheeseလေး ယူပေးပါလား? ဒီမှာချက်လို့ပြီးတော့မယ်"

ညစာအတွက် Cheeseနဲ့ ဟင်းပန်းကန်ပြင်ဆင်ရင်း Jimin  ပြောလိုက်သည်။

"ကိုယ်မင်းကိုခေါ်သွားပေးမယ်"

Jimin ခါးကိုဖက်ရင်း လည်ပင်းထဲနှာခေါင်းနှစ်ကာ Jungkook ရှုရှိုက်မိ၏ ။ Jimin ကိုယ်သင်းနံ့က သူ့အကြိုက်ဆုံး ရနံ့ပဲ။

"ငါဗိုက်ဆာနေပြီ Jeon Cheese ယူပေးပါ မင်း Cheese များများမစားချင်ဘူးလား??"

ရင်တွေအရမ်းခုန်နေတဲ့ကြောင်း မသိသာအောင် Jimin နှာခေါင်းလေးရှုံ့ကာ ပြောမိသည် ။

"ဒီအချိန်ထိ ကိုယ့်အကြိုက်ကို မင်းမှတ်မိနေသေးတာပဲ"

"မင်းက ငါအမြဲတမ်းအမှတ်ရနေချင်တဲ့လူဖြစ်နေတာကို ငါဘယ်လိုမေ့လို့ရပါ့မလဲ"

💌 

- day 9;












💌


30 Days Where stories live. Discover now