day 10.
1.9K 254 16
- day 10;
အနီးဆုံးနေရာက ပန်းခြံကိုရောက်တော့ Jiminက Ferris wheel စီးချင်ပါတယ်ဆိုတော့ Jungkookလည်း လိုက်လျောပေးလိုက်သည် ။
အတွဲတစ်တွဲထဲကို၀င်လိုက်ပြီး ၄၅မိနစ်ကြာစီးရမည့်အတွက်လည်း ပျော်နေမိသည် ။ မှင်သက်ဖို့ကောင်းတဲ့ Seoulမြို့ရဲ့အလှကို Jimin မကြည့်ဘဲနဲ့မနေနိုင် ။ နောက်ပြီး သူသတိပြုမိလိုက်တာက ၂၇နှစ်လုံးလုံး ဒီလှပတဲ့မြို့ကြီးပေါ်မှာ အသက်ရှင်နေခဲ့ပြီး ရှေ့ငါးနှစ်ကတော့ ကမ္ဘာပေါ်မှာ အနွေးဆုံးနဲ့အလှပဆုံးဖြစ်တဲ့ Jeon Jungkookဆိုတဲ့ လူသားနဲ့အတူဖြတ်သန်းခဲ့တာကိုပါပဲ ။
ဘေးချင်းကပ်လျက် ထိုင်ကြတာမို့ Jungkook Jiminရဲ့ ပုခုံးလေးကို ဖက်လိုက်သည် ။ သူတို့ဘာစကားမှ မပြောကြဘူး ။ ဒီလိုတိတ်ဆိတ်နေတာလေးကပဲ သက်သောင့်သက်တာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးနေရတာနဲ့ပဲ သူတို့ပျော်နေကြတယ် ။
" မင်းက အကြောင်းမဲ့သက်သက်ကို လှနေတော့တာပဲ Jimin "
Jungkookရဲ့ ရုတ်တရက်စကားကြောင့် Jimin Jungkookအား လှည့်ကြည့်လိုက်သည် ။ " ငါလှတာကို မင်းအခုမှသိတာလား "
" မင်းကို ကိုယ်စတွေ့တဲ့အချိန်ထဲက မင်းလှကြောင်းကို သိခဲ့တာ "
Jimin ပြုံးလိုက်သည် ။ ထိုအပြုံး ။ Jungkook သိပ့်မြတ်နိုးသည့်အပြုံး ။
Jimin နှုတ်ခမ်းလေးတွေ ကွေးတက်နေတာကို Jungkook သိပ့်ချစ်သည် ။ အဲ့ဒီ့အပြုံးလေးတွေက သူ့ရဲ့နှလုံးသားကို နေခြည်ဖြာပြီး ပျားရည်လောင်းချလိုက်သလိုပဲ ။
ဒါပေမဲ့ Jungkook Jiminကို ထာ၀ရ မပိုင်ဆိုင်နိုင်ဘူး ။
တစ်နည်းပြောရရင်
သူမတတ်နိုင်တာ ။
💌
- day 10;
တစ်နည်းပြောရရင်
သူမတတ်နိုင်တာ ။
💌
30 Days Tempat cerita menjadi hidup. Temukan sekarang