- day 6;
ဒီနေ့မနက် Jungkookကို အလုပ်ကနေဖုန်းဆက်တယ်။သူရေးထားတဲ့သီချင်းမှာ ပြောင်းလဲမှုနည်းနည်းရှိလို့တဲ့။
Jungkook တိုက်ခန်းကနေမထွက်ခင်မှာ Jiminက သူ့နားကိုအပြေးလာပြီး Jungkook အရပ်ကိုမှီအောင် ခြေဖျားလေးတွေထောက်ကာ Jungkookနှုတ်ခမ်းကို ခပ်ဖွဖွလေးနမ်းလိုက်၏ ။
"အလုပ်မှာပျော်ရွှင်ပါစေ"
"ကျေးဇူးပဲ ဘေဘီ"
Jiminပါးကို ဖွဖွလေးပွတ်သတ်ပြီး သူ့ရဲ့ချစ်စရာအကောင်းဆုံးဆိုတဲ့ bunny smileနဲ့ပြုံးပြရင်း Jungkook တိုက်ခန်းငယ်လေးကနေထွက်ခွာသွားတော့သည် ။
Jungkookထွက်သွားပြီးခြင်းမှာပဲ Jiminမျက်နှာကထက်က အပြုံးလေးလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည် ။သူ့ကိုအိမ်မှာတစ်ယောက်ထဲ ထားခဲ့တယ်။
အိပ်ခန်းဆီကို သူဖြည်းဖြည်းခြင်းပြန်ဝင်သွားပြီး ကုတင်မှာထိုင်ပြီး နေရာတစ်ခုကိုအချိန်ကြာကြီး Jimin စိုက်ကြည့်နေ၏ ။နောက် ကုတင်ဘေးက drawerကိုဖွင့်ပြီး ဆေးဘူးတစ်ခုကိုထုပ်လိုက်သည် ။
သူဒီဆေးတွေကိုမသောက်ဖြစ်ခဲ့တာ နည်းနည်းတော့ကြာပြီ ။Jungkook မျက်လုံးအောက်မှာ အမြဲတမ်းရှိနေခဲ့တာမို့ သူသောက်လို့မရခဲ့ဘူး။
Wellbutrin
ဒီဆေးကိုသူဆွဲသောက်လာတာလည်း အတော်ကြာပြီ ။ ဘယ်လောက်ပဲ စိတ်ဓာတ်ကျရောဂါကိုသက်သာစေတဲ့ ဆေးဖြစ်နေပါစေ ကိုယ်အလေးချိန်ကိုအရမ်းကျစေသည်။လွန်ခဲ့တဲ့ရက်တွေမှာ သူဘာလို့အရမ်းပိန်သွားလဲလို့ Jungkook မေးတိုင်း....
သူ့အဖြေကအစားပုံမှန်မစားဖြစ်လို့ပါဆိုတဲ့ ဖြေရှင်းချက်ပါပဲ။
ဘာပဲဖြစ်သွားဖြစ်သွား သူ့ရဲ့စိတ်တစ်ဖက်ခြမ်းကတော့ ဒီလိုအရမ်းပိန်သွားတာကို Jungkook စိုးရိပ်ပူပန်ပေးတာကို သဘောကျနေမိသည် ။
ဘာလို့လဲဆို
Jungkookက သူ့ကိုဂရုစိုက်တယ်။
YOU ARE READING
30 Days
Fanfictionat the end of the 30 days,you will know everything! ရက်ပေါင်း၃၀ရဲ့အဆုံးသတ်မှာ မင်းအရာအားလုံးကို သိခွင့်ရမှာပါ။ Genre:romance,angst Jikook ⚠MM Translation⚠ Full credit to @Jikookcaramel.