day 5.

2K 273 2
                                    

- day 5 ;

Seoulမြို့ကြီးရဲ့အပြင်ဘက်ကို ကားလေးကဦးတည်နေတယ် ။ နေရာတစ်ခုရဲ့ အစွန်ဖျားလေးမှာ ညစာစားဖို့အတွက် ရည်စူးတယ် ။ ကားမောင်းနေတဲ့တစ်လျှောက်လုံး Jungkookက Jiminလက်တွေကို တင်းတင်းဆုပ်ကိုင်ထား၏ ။ လက်တွေကိုလွှတ်လိုက်ဖို့လည်း တွေးတောင်မတွေးဘူးထင်တယ် ။

"ကားမောင်းနေရင်း မင်းလက်ကိုကိုင်ထားရတာကို ကိုယ်သတိရနေခဲ့တာ"

Jungkookပြောင်ပြောင်ဘွင်းဘွင်းပဲပြောတော့....

"ဒါပေမဲ့ ငါတို့ကကွာရှင်းမဲ့သူတွေပဲမဟုတ်လား?"

"Jimin ကိုယ်တို့ဒီရက် ၃၀အတွင်းမှာအဲ့ကိစ္စကိုမပြောဖို့ ကတိပေးထားတယ်လေ"

"ငါတောင်းပန်ပါတယ်"

Jimin ပါးထဲကိုလျှာထိုးကာပြောလိုက်တယ်။

"ရပါတယ် ကလေးပေါက်ရဲ့!ကိုယ်မင်းကို ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲ?"

Jimin သက်ပြင်းအသာချလိုက်ပြီး ကားပြတင်းပေါက်ကနေ ညရဲ့အလှကိုသာ ကြည့်လိုက်၏ ။

တစ်နာရီအကြာ ကားမောင်းပြီးသွားတဲ့အခါ သူတို့ရဲ့ဦးတည်မှတ်ကိုရောက်သွားတယ် ။ သူတို့ညစာစားမဲ့ စားသောက်ဆိုင်က ပင်လယ်အော်ရှေ့ကဆိုင်ဖြစ်တာမို့ လက်ရန်းတွေနဲ့အနီးဆုံးနေရာမှာ သူတို့ထိုင်ကြတယ်။ပင်လယ်လေကလည်း တဖြူးဖြူးနဲ့ ခံစားလို့ကောင်းလိုက်၏ ။

"စားလို့ကောင်းရဲ့လား ဘေဘီ?"

လက်လက်ဆတ်ဆတ် အခွံနွှာထားတဲ့ ပုစွန်ထုပ်ကို Jimin ပန်းကန်ထဲကို Jungkookထည့်ပေးလိုက်သည် ။

"စားလို့ကောင်းပါတယ် ဒီနေရာကို မင်းဘယ်လိုသိတာလဲ?"

"ကိုယ် websiteတွေကိုလိုက်ရှာကြည့်တာ ဒီနေရာက reviewအကောင်းဆုံးပဲလေ....ဒီတော့"

ညစာစားပြီးတဲ့အခါ ရေပေါ် စားသောက်ဆိုင်လေးရဲ့ မလှမ်းမကမ်းမှာရှိတဲ့ တံတားလေးမှာ သူတို့လမ်းလျှောက်ကြ၏ ။

30 Days Où les histoires vivent. Découvrez maintenant