day 15.

1.5K 183 0
                                    

- day 15;

ချယ်ရီပင်တွေ အတန်းလိုက်စိုက်ထားသည့် လမ်းလေးတွင် သူတို့နှစ်ယောက် စိတ်ပြေလက်ပျောက် လမ်းလျှောက်နေကြသည် ။ သည်လှပသည့်မြို့လေးက နွေဦးကိုကြိုဆိုနေသည် ။

Jimin လက်တစ်ဖက်ကို ဆန့်ထုပ်လိုက်ပြီး ကြွေကျနေသည့် ပွင့်ဖက်တွေကို လက်ဖဝါးလေးနှင့် ခံယူလိုက်သည် ။ " အရမ်းလှတာပဲနော် ဟုတ်တယ်မလား "

Jimin ပျော်ရွှင်နေသည့် ပုံရိပ်လေးကိုကြည့်ရင်း Jungkook ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည် ။

Jimin ချယ်ရီပွင့်ဖက်တွေ အများကြီးကိုခံယူပြီး Jungkook လက်ထဲကို ထည့်ပေးလိုက်သည် ။ " ချယ်ရီတွေက ကံကောင်းခြင်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ယူဆောင်လာပေးတယ်လို့ Jin Hyungက ငါ့ကိုပြောဖူးတယ် ဒါကြောင့် ယူထားလိုက် kookie "

ဒီအခိုက်အတန့်လေးမှာ ၊ အချိန်တွေရက်ပြီး သူတို့ရဲ့နောက်ဆုံးနွေဦးကို ထာ၀ရခံစားခွင့် ပေးပါလားလို့ Jungkook ဆုတောင်းမိလေသည် ။

💌

- day 15;






💌

30 Days Where stories live. Discover now