day 19.

1.4K 208 3
                                    

- day 19 ;

" များများစား မင်းပိုပြီးတော့ ပိန်လာတယ် " Jimin ပန်းကန်ထဲ အသားဖတ်နဲ့အရွက်တွေကို ထည့်ပေးရင်း Jungkook ပြောလိုက်သည် ။

" ငါအဆင်ပြေပါတယ် kook စိတ်ပူစရာမလိုဘူး ဟုတ်ပြီလား ? " Jiminက အပြုံးလေးဖြင့် ပြန်ပြောသည် ။

" ကောင်းပါပြီ ဒါပေမဲ့ ကိုယ်မင်းအနားမှာမရှိတော့ရင်လည်း အစားပုံမှန်စားပါ့မယ်လို့ ကတိပေးရမယ် "

" ပေးတယ် " Jimin ကော်ဖီကို ဖြည်းဖြည်းချင်းသောက်ပြီး နှစ်ယောက်လုံး တိတ်တဆိတ်နှင့် စားစရာရှိတာကိုပဲ စားနေလိုက်သည် ။

__

အနားတွင် Jungkook ထွန်းညှိ့ထားသည့် အမွှေးဖယောင်းတိုင်တွေနှင့် လာဗင်ဒါနံ့သင်းသည့် ရေချိုးကန်ထဲတွင် Jimin နှင့် Jungkook ဇိမ်နပြေနှင့် ထိုင်နေကြသည် ။

Jungkook ထိုအမွှေးဖယောင်းတိုင်တွေအကြောင်း Naverကနေ သိရတာဖြစ်သည် ။ အမွှေးဖယောင်းတိုင်၏ ရနံ့က လူတစ်ယောက်ကို စိတ်ကျေနပ်မှုတွေ ပေးစွမ်းနိုင်ပြီး ခံစားချက်တွေကိုပါ လျော့ချပေးသည်တဲ့ ။ ဒါဟာ အခုချိန်မှာ Junngkook လိုအပ်‌နေတဲ့အရာပေါ့ ... ။

Jiminက သူ့အရှေ့မှာ အေးစက်နေတဲ့ ရေချိုးကန်ဘောင်ကို ခေါင်းမှီပြီး မျက်လုံးမှိတ်ကာ ထိုင်နေလေသည် ။

" တွေးစရာတွေ အများကြီးရှိနေတဲ့ပုံပဲ "

Jungkookပြောတော့ Jiminက ထလာပြီး ကလေးတစ်ယောက်လို ဆပ်ပြာမြှပ်တွေနှင့် ကစားကာ ခေါင်းခါပြသည် ။

" ဒီကိုလာ " Jungkookအနားကို Jimin အမြန်သွားပြီး ရေစိုနေတဲ့ Jungkook ရင်ဘက်ပြင်မှာ ခေါင်းမှီလိုက်ပြန်သည် ။

Jimin ကိုယ်ကို Jungkook တင်းကြပ်နေအောင် ဖက်လိုက်ပြီး ကိုယ်ငယ်လေးဆီကနေ သူ့ဆီကူးပြောင်းလာနေတဲ့ နွေးထွေးမှုကို ခံစားနေမိသည် ။ ရှေ့လျှောက်မှာ သူဘယ်လိုအဆုံးသတ်သွားမလဲလို့ တွေးမိတော့ Jungkook ခန္ဓာကိုယ်ဟာ တင်းမာလာသည် ။

" Jungkook ဘာဖြစ်လို့လဲ မင်းရင်ခုန်တာတွေမြန်ပြီး မင်းကိုယ်ကလည်း တောင့်တင်းလာသလိုပဲ " Jimin တိုးတိုးလေး ပြောလိုက်သည် ။

30 Days Where stories live. Discover now