day 1.

3.9K 390 6
                                    

- day 1;

ရေဆာခြင်းနှင့်အတူ Jungkookအိပ်ရာမှနိုးလာခဲ့ပြန်ပြီ။သူ့ရဲ့အိမ်သူလေးကတော့ ဘေးမှာအိပ်ပျော်နေတုန်း။သူ Jiminရဲ့ တစ်ကိုယ်လုံး ခြေစခေါင်းဆုံးကိုကြည့်လိုက်တယ်ဘယ်လောက်တောင်ကြာသွားပြီလဲမသိပါဘူး။ဒီလို Jiminရဲ့မျက်နှာအုအုကိုငေးမကြည့်ဖြစ်တာ။

ဘယ်လောက်တောင်ကြာသွားပြီလဲ?Jiminက အရမ်း အရမ်းကိုလှတယ်လို့ သူမတွေးဖြစ်တာလေ။


Jimin မျက်လုံးတွေမှိတ်ထားလျက်နှင့်ပင် ငြီးတွားနေတယ်။Jiminအိမ်မက်ဆိုးတွေ မက်တဲ့အခါတိုင်း အမြဲဒီလိုဖြစ်တတ်တာကို သူမှတ်မိပါသေးသည် ။နောက်ပြီး Jiminဒီလိုအိမ်မက်ဆိုးမက်တိုင်း Jiminအိပ်ပျော်အောင် အမြဲပိုပိုပြီးဖက်ပေးရတယ်။


နောက်အရင်ကလို သူ Jiminအနားကိုကပ်ကာ လက်တွေကို Jiminခါးမှာရစ်သိုင်းလိုက်ပြီး သူ့ရင်ခွင်နွေးထဲကိုဆွဲသွင်းလိုက်သည် ။ Jimin သက်သာအောင်လို့လည်း ကျောကုန်းကိုခပ်ဖွဖွပွတ်ပေးလိုက်သည် ။



"ကောင်းကောင်းအိပ် ကလေးပေါက်"

ထပ်ပြီးတော့ သူ Jiminကို ချစ်စရာကောင်းတဲ့ pet nameလေးတွေပေးပြီး ခေါ်ခဲ့တာကိုလည်း အမှတ်ရမိ‌သေး ။အဲ့ခါကျ Jiminက အမြဲလိုလိုရှက်သွားတတ်မြဲ ။

သူ Jiminကို ပိုတိုးပြီးဖက်လိုက်တယ်။သူ့ရှေ့က ကိုယ်ငယ်လေးရဲ့ လေငွေ့နွေးနွေးနဲ့ဟောက်သံသေးသေးလေးက သူ့ရင်ဘက်ကိုထိခတ်နေတယ်။ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ။

ဒီတစ်ကြိမ်မှာတော့ Jimin နိုးသွားပြီး သူ့ကိုယ်ကိုရွေ့လိုက်တော့ လန့်မိသွားတယ်။သူက Jungkookရဲ့လက်တွေထဲရောက်နေတော့ အတိတ်ကနေ့ရက်တွေကိုပင် အထူးအဆန်းလိုဖြစ်ပြီး သတိရသွားတယ်။

ငါမင်းနဲ့မခွဲနိုင်သေးဘူး။

Jimin သူ့ကိုယ်ကိုနောက်ပြန်ဆုတ်လိုက်ပြီး Jungkookရဲ့ မျက်ဝန်းနက်တွေကိုစိုက်ကြည့်လိုက်သည် ။ဒီမျက်ဝန်းနက်တွေက သူတို့နှစ်ယောက်စတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့၆နှစ်က သူ့ရဲ့အာရုံတွေကိုဖမ်းစားသွားခဲ့တာ။

30 Days Where stories live. Discover now