day 13.
1.4K 200 6
- day 13;
နေ့လယ်စာပြင်ရင်းနဲ့ Jiminတစ်ယောက် အလုပ်ရှုပ်လို့နေသည် ။ အရွက်သုပ်ထဲထည့်မဲ့ sesame sauceက ကုန်နေသည့်အတွက် အိပ်ခန်းထဲက Jungkookကို သူလှမ်းခေါ်လိုက်သည် ။
" Jungkook ဒီကိုခဏလောက် လာလို့ရမလား " အသံနည်းနည်းလောက်မြှင့်ပြီး Jungkookကြားအောင် သူအော်လိုက်သည် ။
" လာပြီ " တစ်အောင့်လောက်ကြာတော့ Jungkook မီးဖိုဆောင်ထဲ ရောက်လာလေသည် ။
" စတိုးဆိုင်ကနေ sesame sauce သွား၀ယ်ပေးပါလား "
" အင်း ၀ယ်ပေးမယ်လေ " ကိုယ်ကိုတစ်ဖက်လှည့်လိုက်ပြီး ကေားသော့ယူမယ်ကြံတော့ သူဘယ်နားမှာထားလိုက်မိမှန်း မမှတ်မိတော့ပြန် ။
တစ်ခုခုကိုရှာနေသလိုဟန် ဖြစ်နေသည့် Jungkookကြောင့် Jimin မေးလိုက်သည် ။ " ဘာဖြစ်လို့လဲ "
" ကားသော့ ကိုယ်နားထားမိလိုက်လည်းမသိဘူး " အိပ်ကပ်ထဲစမ်းရင်း ဘယ်နားထားမိလဲလို့ စဉ်းစားမိသည် ။
" အရူး စဉ်ပေါ်က ဘောက်ထဲမှာ မင်းအမြဲထားတာလေ " ခေါင်လေးခါရင်းနဲ့ Jiminက ရယ်ရင်းပြောလေသည် ။
" အိုး ! ဟုတ်သားပဲ " Jungkook စဉ်နားကိုသွားတော့ သော့ကိုတွေ့လေသည် ။ " ကျေးဇူးပဲ Ji...... " Jungkook စကားကိုရပ်လိုက်သည် ။ Jiminလား ? Jihyunလား ? Jiyoungလား ? ဘာပါလိမ့် ။
" ဘာပြောလိုက်တာလဲ " Jungkookပြောလိုက်တာကို မကြားတော့ Jimin မေးလိုက်၏ ။
" ကျေးဇူးပဲ ဘေဘီလို့ ပြောတာပါ "
" ရပါတယ် "
💌
- day 13;
" ရပါတယ် "
💌
30 Days Where stories live. Discover now