day 11.

1.5K 198 0
                                    

- day 11;

စုံတွဲလေးကတော့ စောင်တွေ ၊ ခေါင်းဦးတွေ ၊ မုန့်တွေနဲ့ မနှစ်က၀ယ်ထားတဲ့ တယ်လီစကုပ်ကိုပါယူပြီး သူတို့တိုက်ခန်းအဆောက်အဦးရဲ့ အပေါ်ဆုံးထပ်ကို သွားနေကြသည် ။  ကြယ်တွေကြည့်ရင်း ညကိုဖြတ်သန်းကြမည် ။

ခေါ်မိုးပေါ်မှာရှိတဲ့ သစ်သားပြားကြီးပေါ်မှာ စောင်တွေကို ခင်းချလိုက်သည် ။ ဒါမှသူတို့ မချမ်းမှာလေ ။ Jungkook တယ်လီစကုပ်နဲ့ ကြယ်တွေကို ကြည့်လိုက်ပေမဲ့လည်း မတွေ့တာမို့ လက်လျော့လိုက်သည် ။

" အသုံးမကျလိုက်တဲ့ kookie " ဖွဖွလေးရယ်ရင်းနှင့် Jungkook လက်မောင်းကို Jimin ဖြတ်ခနဲ ရိုက်လိုက်သည် ။

ခေါင်းဦးလေးကို ရင်ခွင်ပိုက်ရင်း Jungkook ပုခုံးပေါ် ခေါင်းမှီကာ ညကောင်းကင်ကို သူတို့ကြည့်နေမိသည် ။

နေမင်းကြီးက အနားယူလို့ လမင်းလေးက သူ့နေရာယူကာ အမှောင်ထုက လောကကိုဖုန်းလွှမ်းလာတယ် ။ လိမ္မော်ရောင်နှင့်ခရမ်းရောင် ရောနှောနေသောကောင်းကင်က ကြီးမားကျယ်ပြန့်ပြီး ပြောင်လက်တဲ့အနက်ရောင်ကောင်းကင်ကြီးအဖြစ် ပြောင်းသွားပြီး တစ်မြို့လုံးကို ကြီးစိုးလို့သွားသည် ။ တလက်လက် ငွေကြယ်ပွင့်တွေဟာ မဟူရာကောင်းကင်တွင် နေရာအပြည့်ယူလာသည် ။

" အချစ်လေး "

" ဟင် "

" လွန်ခဲ့လက ကိုယ်ရေးထားတဲ့ သီချင်းကလေ ကိုယ်တို့ရဲ့ နှစ်ပတ်လည်နေ့က ထွက်တာ အဲ့သီချင်းကိုသိလား "

" တကယ်ကြီး ? သီချင်းနာမည်ကဘာလဲ "

" သီချင်းနာမည်က Magic Shopတဲ့ " သီချင်းရေးနေစဉ်နှင့်သီချင်းခေါင်းစဉ်ပေးခဲ့တဲ့ အချိန်ကို သတိရမိရင်း Jungkook စကားကို ဖြည်းဖြည်းလေးပြောမိသည် ။ အဲ့ဒီ့အချိန်တုန်းက သူ့စိတ်တွေဟာ Jimin အကြောင်းတွေနဲ့ပဲ ပြည့်နှက်လို့နေခဲ့သည် ။ သူတို့ကော်ဖီဆိုင်မှာ ဘယ်လိုစတွေ့ခဲ့လဲဆိုတာတွေ ၊ Jimin အလုပ်ကို အနှောက်ယှက်ပေးမိတာတွေ ၊ Jiminကို နောက်ပိုးပြီး သူ့အပိုင်အဖြစ် လုပ်ခဲ့တာတွေကိုပေါ့ ။

သူ့အတွက်တော့ Jiminဟာ သူ့ရင်ခုန်သံတွေကို ကမောက်ကမ ဖြစ်စေတဲ့ မှော်၀င်ပီယဆေးလေး တစ်ခုလိုပဲ ။ Jiminကို ချစ်ရတာဟာ ဆန်းကြယ်မှုတစ်ခုလိုခံစားရပြီး ငယ်ငယ်ကလေးဘ၀တွေက အိပ်ရာ၀င်ပုံပြင်တွေထဲကို ဗြုန်းဒိုင်းကြီး ရောက်သွားရတာနဲ့လည်းတူတယ် ။

30 Days Where stories live. Discover now