day 20.

3.9K 256 48
                                    

- day 20 ;

Jimin လက်ကိုဆွဲကာ Jungkook လူတွေကြားထဲ တိုး၀င်ရင်း ချောက်ကမ်းပါး အစွန်းနားကို ခေါ်သွားလေသည် ။ Jimin တစ်ယောက်ကတော့ သေလောက်အောင်ပင် ကြောက်နေပြီ။

" ထိုင် " ချောက်ကမ်းပါး အစွန်းမှာထိုင်ရင်း Jungkook သူ့ဘေးကနေရာလေးကို လက်နဲ့ပုတ်ပြလိုက်သည် ။ ခြေထောက်တွေက အောက်ကိုတွဲလောင်းကျနေပြီး Jungkookကတော့ ပြုတ်ကျမှာ လုံး၀မကြောက်ဘူးနှင့် တူပါသည် ။

" မင်းရူးနေပြီလား Jeon Jungkook ! မင်းပြုတ်ကျသွားရင်သေမှာနော် ! "

" ကိုယ်တို့က သေကျရမယ့် လူတွေပဲဟာ " Jungkook သူ့လက်နှစ်ဖက်ကို ဆန့်လိုက်ရင်း Jimin ဆုပ်ကိုင်ဖို့ကို စောင့်ဆိုင်းနေမိသည် ။ " ကိုယ်ဒီမှာရှိတဲ့ဟာ ကိုယ့်ကိုမယုံဘူးလား ? "

Jimin ခဏလောက်တော့ တုန့်ဆိုင်းနေမိသေးသည် ။ သို့ပေမဲ့ သူရဲ့ကြောက်စိတ်ကို လျစ်လျူရှုကာ Jungkookဆီ သွားလိုက်သည်။

" တွေ့လား ထင်သလောက် ကြောက်ဖို့မကောင်းပါဘူးဆို " Jiminကို တံတောင်နဲ့အသာတွတ်ရင်း Jungkook ပြောလိုက်သည် ။

" မင်းကရူးနေတာပဲ " Jiminက နှာမှုတ်ရင်းပြောတော့ Jungkook ခပ်ဖွဖွရယ်ပြီး Jimin လက်ကလေးတွေကို တင်းကြပ်အောင် ဆုပ်ကိုင်လိုက်သည် ။

" မင်းဘာလို့ ငါ့ကိုဒီလိုမြင့်တဲ့နေရာတွေကို ခေါ်နေတာလဲ သိချင်လိုက်တာ ငါကအမြင့်ကြိုက်တဲ့ သူမဟုတ်ဘူးဆိုတာ မင်းသိတာပဲကို " Jimin အသက်မြင့်မြင့် ရှုထုတ်လိုက်၏ ။ ဘယ်အချိန် ပြုတ်ကျသွားမလဲဆိုပြီး သူကြောက်နေတုန်းပင် ။

" ဘာလို့လဲဆိုတော့ ထိပ်ဆုံးမှာ ရှိနေရတဲ့ ခံစားချက်က ကောင်းတယ်လေ ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသလိုမျိုး "

" Jin Hyungက မင်းအရူးထတာတွေကို သူဘယ်လောက် သဘောကျလဲဆိုပြီး ငါ့ကိုပြောပြောနေတာတွေက မထူးဆန်းတော့ပါဘူး "

" Jin Hyungက ဘယ်သူလဲ "

💌

- day 20 ;











" Jin Hyungက ဘယ်သူလဲ "

💌


You've reached the end of published parts.

⏰ Last updated: May 24, 2020 ⏰

Add this story to your Library to get notified about new parts!

30 Days Where stories live. Discover now