day 2.

2.9K 339 12
                                    

-day 2;


ဒီနေ့ညနေမှာ campingထွက်ဖို့အတွက် Jiminလိုအပ်တာတွေကို ပြင်ဆင်နေသည်။


သူတို့နှစ်ယောက်လုံး ကမ်းခြေကိုသွားဖို့ စီစဉ်ထားကြတယ် ။ နေဝင်တာကိုကြည့်ပြီး ကမ်းခြေမှာပဲ သူတို့အိပ်ကြမယ်။

"ပြီးသွားပြီလား သကြားလုံးလေး?"

Jungkook hoodieကိုခေါင်းကနေဆွဲချကာ မီးဖိုဆောင်ဝင်လာတော့ Jiminက အိတ်တွေကိုဇစ်ပိတ်ပြီး မီးဖိုဆောင် ကောင်တာမှာအိတ်တွေကိုတင်နေသည်။

"အင်း မင်းရော?"

"ကိုယ်လည်းလိုအပ်တာတွေအကုန် ကားအနောက်ခန်းထဲမှာ ထည့်ပြီးသွားပြီ မင်းအံ့ဩသွားလိမ့်မယ်"

အဲ့နောက် Jungkookက Jiminအနားကို အမြန်လာပြီး ပါးပြင်ထက်မှာအနမ်းချွေတော့ Jimin ပါးလေးတွေနီရဲရကုန်၏ ။

ဒါအရမ်း အရမ်းကိုကြာခဲ့ပြီပဲ ။

သူတို့နှစ်ယောက်အတွက် လိုအပ်တာတွေ အကုန်ပြင်ဆင်ပြီးတော့ သူတို့ကားဆီကိုသွားလိုက်သည် ။ကားပေါ် မတက်ခင်မှာ Jungkook Jiminကို ကားအနောက်ဘက်ကိုခေါ်သွားကာ ကားနောက်ဖုံးတံခါးကိုဖွင့်ပြလိုက်ပြီး....

"Ta..daa!"

Jimin တကယ်ပင်အံ့ဩသွားသည် ။Jungkookက ကားနောက်ခုံတွေကို ခေါက်ထားပြီး ဆောင်တွေ ၊ ခေါင်းအုံးတွေ အကုန်ခင်းထားတယ်။ဒီတော့ သူတို့ညဘက်ဒီမှာအိပ်လို့ရတာပေါ့။ဒါတွေတင်မဟုတ်ပါဘူး။Jungkookက သူ့အတွက် လက်လက်ဆတ်ဆတ် ရဲရဲသွေးနေတဲ့ နှင်းဆီပွင့်တွေကိုလည်း ပြင်ဆင်ထားပေးသေးတယ်။

Jungkook သူ့ရှေ့က အံ့ဩလွန်းနေတဲ့ ကိုယ်ငယ်လေးဆီ ပန်းစည်းကိုပေးလိုက်ပြီး....

"မင်းနှင်းဆီပန်းတွေကို သဘောကျခဲ့တာကို ကိုယ်မှတ်မိသေးတယ်"

"ကျေးဇူးပဲ...kook-ah"

Jiminရဲ့ eyesmileက သူ့နှလုံးသားရဲ့တစ်နေရာရာကို လှိုက်ဖိုသွားစေတယ်။

၁၅မိနစ်လောက် ကားကိုအမြန်မောင်းပြီးနောက် သူတို့ကမ်းခြေကိုရောက်သွားသည် ။Jungkookက ကားကိုလူတော်တော်များများ sun setမကြည့်တဲ့နေရာမှာ ကားကိုရပ်လိုက်သည် ။နောက် သူကားပေါ်ကဆင်းကာ ကားနောက်ခန်းကိုဖွင့်လိုက်သည်။

30 Days Where stories live. Discover now