မိုးကို ကျွန်တော် သဘောမကျ။ တကယ်လည်း အမြင်မကြည်ပါ။ မိုးရွာတိုင်း မဲမှောင်လာတတ်တဲ့ ပတ်ဝန်းကျင် အခြေအနေ တိတ်ဆိတ်သွားသော အခိုက်အတန့် မလာမှီ မိုးခိုရန် တိုးဝှေ့ကြသော လူများအကြား ရှောင်ရှားရသည်မှာ တကယ်ကို စိတ်ရှုပ်စရာ ကောင်းလွန်းလှသည်။ သို့သော် မကြုံတွေ့ချင်ပေမယ့် ဥတုရာသီသည် အမြဲ လည်ပတ်နေသည်အလျောက် မိုးရာသီ မရောက်ချင်သည့် ရောက်လာခဲ့ပြန်ပြီ။
ကံကောင်းသည် ပြောရလေမလား။ ကျွန်တော် မုန်းသော မိုးရာသီတွင် ရေအကြီးလွန်သောကြောင့် ကျောင်းများ ပိတ်ခဲ့သည်။ အိမ်၏ ပို့ဆောင်မှုကြောင့် ကျွန်တော်သည် ဆိတ်ငြိမ်သော အဘွား၏ မြို့သို့ အလည်ရောက်ခဲ့လေသည်။ အစက ဘယ်မှ မသွားချင်သော်လည်း ထိုမြို့သို့ အရောက်တွင် ကျွန်တော့်၏ စိတ်များ ပြောင်းလဲလာခဲ့သည်။
အဖွားနေထိုင်သော မြို့လေးသည် ကျွန်တော့်အကြိုက်နှင့် ထပ်တူကျသော အရာပေါင်းများစွာ တည်ရှိနေသော မြို့လေးဖြစ်သည်။ အထူးသဖြင့် ပေါင်မုန့်ဆိုင်။ ပေါင်မုန့်ကို အသဲအသန်ကြိုက်သော လူစားမဟုတ်ပေမယ့် ကျွန်တော်သည် ပေါင်မုန့်ဖုတ်သည့်အခါ ရလာသော ရနံ့လေးအား သဘောကျသည်။ မိုးဖွဲဖွဲကျသော နေ့များတွင် ထိုဆိုင်တွင် ထိုင်ကာ ကော်ဖီသောက်ကာ စာအုတ်ဖတ်ရင်း မိုးနံ့နှင့်အတူ မွေးပျံ့သော ပေါင်မုန့်နံ့များကို ရှူရှိုက်ရခြင်းသည် ကျွန်တော့်အတွက် နတ်ပြည်သို့ ရောက်နေသကဲ့ပင်။
တိတ်ဆိတ်သည်။ ငြိမ်းချမ်းသည်။ ကျွန်တော်သည် သဘောမကျဖူးသော မိုးရာသီကိုပင် ချစ်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မိုးရာသီထဲတွင် တွေ့ဆုံခဲ့သော သူ့ကိုကောပင်။
ပေါင်မုန့်ဆိုင်မှ အပြန် နှင်းဆီပန်းများ လှပသောကြောင့် ပန်းတစ်စည်းဝယ်ပြီး အပြန်တွင် မိုးရွာချလာသောကြောင့် လက်ထဲမှ စာအုပ်များ မစိုရန် အမိုးအောက် ဝင်ခိုချိန် သူမနှင့် စတွေ့ခဲ့သည်။ သူမသည် ချစ်ဖို့ကောင်းသည်။ မီးခိုးရောင် စကပ်နှင့် အဖြူရောင် ရှပ်အင်္ကျီကို တွဲဝတ်ထားခြင်းက သူမ၏ လူငယ်ဆန်မှုကို ပိုပေါ်လွင်စေသည်။ သူမသည် သူမဆံပင်ကို မြောက်ကာ စီးထားသေးလေသည်။ ထူးဆန်းသည်က သူမသည် ထီးတစ်ချောင်း လက်ထဲတွင် ရှိနေလေသည်။ သို့ပေမယ့် သူမ ဘာလို့ ဒီမှာ မိုးခိုနေတာပါလိမ့်။
YOU ARE READING
30 Minutes Writing
Random30 Minutes Writing မှာ ပါဝင်ရင်း အရေးအသားလေ့ကျင့်ကြရအောင်။