Mind : ေလွဦး . . .

39 7 0
                                    

ေလွဦး

ကို
ေခ်ာင္းငယ္နံေဘး၊ ကဗ်ာေရးစပ္ေနတယ္
မက္ျပန္တဲ့ ေမာင္တို႔ ငယ္ခ်စ္ အေၾကာင္း...

နီျပာေျပာင္းစ၊ ေဆာင္းတစ္ညမွာ
ကိုနဲ႕စေတြ႕၊ တက္ေရြ႕ေလွာ္ဆန္
ေမာ္ဖန္ဆံုၾကည့္၊ အကို ႔ေလွဟုန္
ေရကိုေက်ာ္၍၊ ဪ... ဆိုက္ခဲ့တယ္။

ျမစ္ေခ်ာင္းအိုင္အင္း၊ ငါးပုစြန္ခ်ိဳင္တဲ့
ေရကို ႏိုင္သူရယ္၊ ကူေဖာ္ေလာင္ဖက္လို႔
ေနာင္တစ္ရက္ျဖစ္မွာ၊ ေတြးမတတ္ခဲ့။

စာေပအမ်ိဳး၊ ရွိခိုးႂကြယ္တဲ့
ေမာင့္အႏြယ္ကို၊ တယ္လဲ မေၾကာက္တတ္ပါလား
အေမွာင္မဖံုးပါေစနဲ႕၊ ေမာင့္ေယာင္စထံုးေလးရယ္
ငါးဗံုးျပည့္ ဖမ္းမိတဲ့အခါ၊ စမ္းေခ်ာင္းေဘး သစ္ပင္ေလးေအာက္
ကဗ်ာ ဆံုးေအာင္ နားေထာင္ေပးစမ္းပါ၊
အခ်စ္ရဲ႕ အႏုပညာသည္မို႔ဗ်ာ။

အုတ္ပ်ဥ္ကတိုးနဲ႔ ဖ်င္မိုးဝါးအိမ္
႐ုပ္ဝတၳဳေတြ ျခားခြာလည္း
ေနဝင္ရာ ေမွာင္ရီပ်ိဳးတဲ့ထိ
မိုးေမွာင္ေမွာင္ေအာက္
စကားေဖာင္ကို ဖြဲ႕မကုန္၊ ႏြဲ႕မဆံုး
ပုန္းခိုလွံု ေကာင္းတဲ့ နားဖြယ္ရာ ျဖစ္ခဲ့။

သီခ်င္း ညည္းေကာင္းတဲ့ ကို
ကဗ်ာ ေဇာင္းႂကြယ္တဲ့ ေမာင္
ရယ္ႀကိဳက္ၾကတာ ဆန္းလို႔လား။

အလြမ္းကို အနမ္းနဲ႕ ကုတတ္တယ္
ေဆာင္းေလေအးကို အန္တု
ယုယေထြးပိုက္ၾကခဲ့။

ကံ ဥတုရယ္ ရန္ျပဳတတ္ရဲ႕
ကတိေတြကိုမွ ထိခိုက္ရတယ္
ႏွင္းျမဴ႐ိုက္ခိုး မိုးလင္းေရာ့မယ္။

ေမာင့္ ကဗ်ာစာအုပ္ေလးဟာ ပြင့္လို႔
ေလေအးနဲ႕ လြင့္တဲ့အခါ
ကို႔ဆီ သင့္ေစခ်င္
မေႁခြပါေစနဲ႕ ေရလွိုင္းရယ္...

-ေရကိုျမင္ရင္
လြမ္းလွပ္ ခုန္တတ္တဲ့ေမာင္။

______________________

[Unicode]

လှေဦး

ကို
ချောင်းငယ်နံဘေး၊ ကဗျာရေးစပ်နေတယ်
မက်ပြန်တဲ့ မောင်တို့ ငယ်ချစ် အကြောင်း...

နီပြာပြောင်းစ၊ ဆောင်းတစ်ညမှာ
ကိုနဲ့စတွေ့၊ တက်ရွေ့လှော်ဆန်
မော်ဖန်ဆုံကြည့်၊ အကို့လှေဟုန်
ရေကိုကျော်၍၊ ဪ... ဆိုက်ခဲ့တယ်။

မြစ်ချောင်းအိုင်အင်း၊ ငါးပုစွန်ချိုင်တဲ့
ရေကို နိုင်သူရယ်၊ ကူဖော်လောင်ဖက်လို့
နောင်တစ်ရက်ဖြစ်မှာ၊ တွေးမတတ်ခဲ့။

စာပေအမျိုး၊ ရှိခိုးကြွယ်တဲ့
မောင့်အနွယ်ကို၊ တယ်လဲ မကြောက်တတ်ပါလား
အမှောင်မဖုံးပါစေနဲ့၊ မောင့်ယောင်စထုံးလေးရယ်
ငါးဗုံးပြည့် ဖမ်းမိတဲ့အခါ၊ စမ်းချောင်းဘေး သစ်ပင်လေးအောက်
ကဗျာ ဆုံးအောင် နားထောင်ပေးစမ်းပါ၊
အချစ်ရဲ့ အနုပညာသည်မို့ဗျာ။

အုတ်ပျဉ်ကတိုးနဲ့ ဖျင်မိုးဝါးအိမ်
ရုပ်ဝတ္ထုတွေ ခြားခွာလည်း
နေဝင်ရာ မှောင်ရီပျိုးတဲ့ထိ
မိုးမှောင်မှောင်အောက်
စကားဖောင်ကို ဖွဲ့မကုန်၊ နွဲ့မဆုံး
ပုန်းခိုလှုံ ကောင်းတဲ့ နားဖွယ်ရာ ဖြစ်ခဲ့။

သီချင်း ညည်းကောင်းတဲ့ ကို
ကဗျာ ဇောင်းကြွယ်တဲ့ မောင်
ရယ်ကြိုက်ကြတာ ဆန်းလို့လား။

အလွမ်းကို အနမ်းနဲ့ ကုတတ်တယ်
ဆောင်းလေအေးကို အန်တု
ယုယထွေးပိုက်ကြခဲ့။

ကံ ဥတုရယ် ရန်ပြုတတ်ရဲ့
ကတိတွေကိုမှ ထိခိုက်ရတယ်
နှင်းမြူရိုက်ခိုး မိုးလင်းရော့မယ်။

မောင့် ကဗျာစာအုပ်လေးဟာ ပွင့်လို့
လေအေးနဲ့ လွင့်တဲ့အခါ
ကို့ဆီ သင့်စေချင်
မခြွေပါစေနဲ့ ရေလှိုင်းရယ်...

-ရေကိုမြင်ရင်
လွမ်းလှပ် ခုန်တတ်တဲ့မောင်။

______________________

LoveWins1998

30 Minutes Writing Where stories live. Discover now