Zawgyi
'မေ .. ဘာလို့ ကောင်းကင်ပြာကို ငေးကြည့်ရတာ သဘောကျတာလဲ´
ငါ ကောင်းကင်ကိုကြည့်ရင်း ခပ်ဖွဖွပြုံးမိတယ် နောက်တော့ 'သူ့´ ရဲ့ မိုးပြာရောင် မျက်လုံးတွေကို ကြည့်ရင်း ငါဖြေလိုက်တယ်
'လှလို့´
'သူ´ က ငါ့ရဲ့အဖြေကို သဘောမကျဟန် မျက်ခုံးနှစ်ခုကို ကြုံ့ရင်း ငါ့ကိုကြည့်သည်။ ငါမသိချင်ယောင်ဆောင်ပြီး ကောင်းကင်ပြာကြီးကို ပြန်ငေးနေလိုက်တယ် ။ အချိန်ဘယ်လောက်ကြာသွားတယ်မသိလိုက်။ ခပ်သင်းသင်း ကော်ဖီ အနံ့ တချို့ ငါ့ နှာခေါင်းဝ ကို ကျီစယ်လာတော့မှ ငါ ငေး နေတာ ရပ်လိုက်တယ်။
'မေ ကြည့်လို့ဝပြီလား´
'သူ့´ ရဲ့ ခပ်ရွဲ့ရွဲ့ စကား အဆုံးမှာ ငါ ခပ်ဟဟ ရယ်လိုက်မိသည်။ သူ့ ကို ကြည့်လိုက်တော့ ငါ့ကို စိတ်ဆိုးနေဟန် 'သူ´ က ကော်ဖီခွက် အစွန်းလေးကို လက်ညိုးလေးနဲ့ ထိရင်း ငါ့ကို စကားပြန်စပြောလာသည်။
' ငါ တစ်ယောက်လုံး ရှေ့မှာ ထိုင်နေတာတောင် မေ က အခြားဟာကို ဂရုစိုက်နေသေးတယ် မေ က သူငယ်ချင်းကောင်း မပီသဖူး´
အဆုံးသတ်နားလေးက ငါ့ ကိုနာကျင်စေပေမယ့်လဲ 'သူ့´ ရဲ့ ကလေးဆန်ဆန်အပြောလေးကြောင့် ငါ လျစ်လျူရှုကာ ခပ်တိုးတိုး ရယ်လိုက်သည်။
'မေ က ငါ့ အခင်ဆုံးသူငယ်ချင်း မလို့ မအားတဲ့ကြားထဲက ငါကိုယ်တိုင် လာခဲ့တာ´
ငါ 'သူ့´ ဆီမှာအကြိမ်ကြိမ် ကျရှုံးရတဲ့ သူ့ ရဲ့ ကိုယ်ပိုင် ပါးချိုင့်လေးပေါ်အောင် ပြုံးကာ စားပွဲပေါ်သို့ တစ်ခုခု တင်လိုက်သည်။
'အာ ´
ငါ အာမေဋိတ် တစ်ခုကို ပြုလုပ်ရင်း ကော်ဖီခွက်ကို လှမ်းကိုင်လိုက်သည်။ ကော်ဖီ တစ်ငုံ ကို သောက်လိုက်တော့ ခါးသက်တဲ့ အရသာက ငါ့ လျှာဖျားထဲ စိမ့်ဝင်သွားသည်။ သူကတော့ သကြားအချို့ကို ကော်ဖီ ထဲ ထည့်ကာ ဇွန်းနဲ့ မွှေနေလေရဲ့.... သူ့ အပြုအမူ တစ်ခုချင်းစီ ကို ငါ့ဦးဏှောက်ထဲ မှတ်သား နေမိသည်။
'မေ ဒီ ပန်းကြိုက်တယ်မလား ငါ ယူပေးမယ်´
စားပွဲ ဘေး နား မှာ အစီအရီ စိုက်ထားတဲ့ အပြာရောင် 'Forget me not´ ပန်း တစ်ချို့ကို သူ က လက်ညိုးထိုးကာ ပြောလာသည်
'ဒီတိုင်းလဲ လှ နေတာကို ငါ မယူရက်ပါဘူး´
ငါ ထို ပန်း တွေကိုကြည့်ကာ ပြောလိုက်သည်။
'မေ က ကိုယ်ကြိုက်တဲ့ တစ်စုံတစ်ခုကို ရယူဖို့ ဘာလို့ မကြိုးစားရတာလဲ´
သူ့ အသံက အလိုမကျမှုတွေကို ငါ ခံစားလိုက်ရတယ်။
' တစ်ချို့ အရာတွေက ငေး ကြည့်နေရတာနဲ့တင် ပြည့်စုံတယ်လေ ´
ငါ ထိုပန်းတွေဆီကနေ အကြည့်လွှဲပြီး ကော်ဖီတစ်ငုံ ထပ်သောက်လိုက်သည်။ ဒီ တစ်ခါ ပို ခါးသက်နေသလို။ ပြီးတော့ ငါ စကားပြန်ဆက်လိုက်သည်။
'တစ်ခါတရံ နာကျင်နေရပေမယ့်လဲပေါ့´
ငါ့ အသံ က တိုးဝင်သွားပေမယ့်လဲ သူ ကြားသွားသည် ။
သူ့မျက်ဝန်းတွေက တစ်စုံတစ်ခုကို တွေးတောနေဟန်
'နောက်ကျနေပြီပဲ မေ ငါပြန်တော့မယ် ဆက်ဆက်လာခဲ့နော်´
သူ့ ရဲ့ လက်ကနာရီကို ကြည့်ကာ ငါ့ ကိုပြောလာသည်။ ငါ ဘာအဖြေကိုမှ ပြန်မပေးပေမယ့်လဲ သူကတော့ ထွက်ခွာသွားသည်။ ငါ ကတော့ စားပွဲပေါ်က လှပလွန်းတဲ့ အပြာရောင် မင်္ဂလာဖိတ်စာကို ကိုင်ကာ သူ့နောက်ကျောကို ငေးကြည့်လျှက်ပေါ့ ... •••••••••••••••••••••••••••••••••••••••••••••••••••••
Forget me not - အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို သတိရနေမယ် ။
YOU ARE READING
30 Minutes Writing
Random30 Minutes Writing မှာ ပါဝင်ရင်း အရေးအသားလေ့ကျင့်ကြရအောင်။