Mind : အစ္ကို

49 7 0
                                    

သူမ တကယ္ ေမာေနသည္။ အေရွ႕တြင္ ရွိေနေသးေသာ လမ္းခရီးအား ၾကည့္ကာ သူမ သက္ျပင္းကို နာနာခ်လိုက္မိသည္။ ေရာက္ရန္ အေဝးႀကီးက်န္ေသးတာပဲ။ ပင္ပန္းေနေသာ္လည္း အႀကီးဆံုးတဲ့ အသိနဲ႔အညီ သူမ အားတင္းကာ အေနာက္ကို လွည့္ကာ ေအာ္လိုက္မိသည္။

" ကေလးေတြ အားတင္းထား။ ေနာက္ထပ္ တစ္ေကြ႕ေလာက္ဆို ေရာက္ၿပီ။ "

အခုမွ ေတာင္တက္ဖူးေသာ ကေလးမ်ားသည္ ေမၽွာ္လင့္ခ်က္မ်ားျဖင့္ ေျခလွမ္းမ်ား ပိုသြက္သြားၾကသည္။ သုိ႔ေသာ္ ေရာက္ရန္ အေဝးႀကီးလိုေသးသည္ဆိုတာ သိေနေသာ သူမသည္ သူမ ေျခေထာက္ကိုပင္ မႏိုင္ေတာ့။

လက္ထဲက ေရဘူးသည္လည္း ေရကုန္ခဲ့ၿပီ။ ေဘးက စီးဆင္းေနေသာ စမ္းေခ်ာင္းကို ၾကည့္ရင္းနဲ႔လည္း သူမ မေပ်ာ္ႏုိင္ေတာ့။ တစ္ခ်ိန္က သူမထက္ တစ္ႏွစ္ႀကီးေသာ သူ၏ တစ္ေကြ႕ပဲ လိုေတာ့တယ္ဆိုသည့္ စကားနဲ႔ ေပ်ာ္ေပ်ာ္တက္ခဲ့တဲ့ သူမကိုယ္ သူမ ျပန္ျမင္ေတာ့ မထင္သေလာက္ ျပံဳးလိုက္မိသည္။

ထုိအကိုႀကီးသည္ ဒီေတာင္တက္ခရီး၏ ေခါင္းေဆာင္ျဖစ္သည္။ Uniကို စေရာက္လာေသာ ကေလးမ်ားအား စီနီယာမ်ားႏွင့္ ပိုရင္းႏွီးေရး ေခါင္းစဥ္ခံကာ ေပ်ာ္စရာ ခရီးမ်ား စီစဥ္ေပးေသာ အကိုတစ္ေယာက္လည္း ျဖစ္သည္။ ေသခ်ာေပါက္ ဒီေတာင္တက္ခရီးကေတာ့ သူမအတြက္ ေပ်ာ္စရာ မေကာင္းေပမယ့္ေပါ့။

သို႔ေသာ္လည္း ထိုအခ်ိန္တုန္းကေတာ့ ေပ်ာ္ခဲ့ပါသည္။ သူသည္ ေမာေနတာေတာင္ အျခားသူမ်ား အားမပ်က္ေရး အေရွ႕မွ သီခ်င္းမ်ား ဆိုျပသည္။ တစ္ခါတစ္ရံ ေတာင္ႏွင့္ပတ္သတ္သည့္ စာဆို ကဗ်ာမ်ားကို ဟန္ပါပါ ရြတ္ျပေနပံုကလည္း ရယ္စရာေကာင္းခဲ့သည္။

သူသည္ သူမ အားက်ရေသာသူျဖစ္ခဲ့သည္။ သူ႔အား ကတိေပးခဲ့ဖူးသည္။ သူ ခ်စ္တဲ့ ဒီခရီးစဥ္အား သူမ ထိန္းသိမ္းေပးမည္ဟု။ သု႔ိေသာ္ သူ မပါေသာ ေတာင္တက္ခရီးသည္ သူမအား အလြမ္းဒဏ္ျဖင့္ ပိုပင္ပန္းေစခဲ့ျပီ။

အကိုဆိုတဲ့ ညီမရဲ႕ နားခိုရာရယ္ .. အကိုေကာ ညီမကို သတိရေနရဲ႕လားဟင္။

ဒါေပမယ့္ ဆယ္ေက်ာ္သက္ ညီမရဲ႕ အခ်စ္က တစ္ခ်ိန္က အကုိ ေက်ာင္းမွာ ေရးခဲ့တဲ့ စာေတြ ဖတ္ခဲ့တဲ့ စာအုပ္ေတြေလာက္ေတာင္ အမွတ္ရစရာ ေကာင္းပါ့မလားဟင္။

_______________________________

[Unicode]

သူမ တကယ် မောနေသည်။ အရှေ့တွင် ရှိနေသေးသော လမ်းခရီးအား ကြည့်ကာ သူမ သက်ပြင်းကို နာနာချလိုက်မိသည်။ ရောက်ရန် အဝေးကြီးကျန်သေးတာပဲ။ ပင်ပန်းနေသော်လည်း အကြီးဆုံးတဲ့ အသိနဲ့အညီ သူမ အားတင်းကာ အနောက်ကို လှည့်ကာ အော်လိုက်မိသည်။

" ကလေးတွေ အားတင်းထား။ နောက်ထပ် တစ်ကွေ့လောက်ဆို ရောက်ပြီ။ "

အခုမှ တောင်တက်ဖူးသော ကလေးများသည် မျှော်လင့်ချက်များဖြင့် ခြေလှမ်းများ ပိုသွက်သွားကြသည်။ သို့သော် ရောက်ရန် အဝေးကြီးလိုသေးသည်ဆိုတာ သိနေသော သူမသည် သူမ ခြေထောက်ကိုပင် မနိုင်တော့။

လက်ထဲက ရေဘူးသည်လည်း ရေကုန်ခဲ့ပြီ။ ဘေးက စီးဆင်းနေသော စမ်းချောင်းကို ကြည့်ရင်းနဲ့လည်း သူမ မပျော်နိုင်တော့။ တစ်ချိန်က သူမထက် တစ်နှစ်ကြီးသော သူ၏ တစ်ကွေ့ပဲ လိုတော့တယ်ဆိုသည့် စကားနဲ့ ပျော်ပျော်တက်ခဲ့တဲ့ သူမကိုယ် သူမ ပြန်မြင်တော့ မထင်သလောက် ပြုံးလိုက်မိသည်။

ထိုအကိုကြီးသည် ဒီတောင်တက်ခရီး၏ ခေါင်းဆောင်ဖြစ်သည်။ Uniကို စရောက်လာသော ကလေးများအား စီနီယာများနှင့် ပိုရင်းနှီးရေး ခေါင်းစဉ်ခံကာ ပျော်စရာ ခရီးများ စီစဉ်ပေးသော အကိုတစ်ယောက်လည်း ဖြစ်သည်။ သေချာပေါက် ဒီတောင်တက်ခရီးကတော့ သူမအတွက် ပျော်စရာ မကောင်းပေမယ့်ပေါ့။

သို့သော်လည်း ထိုအချိန်တုန်းကတော့ ပျော်ခဲ့ပါသည်။ သူသည် မောနေတာတောင် အခြားသူများ အားမပျက်ရေး အရှေ့မှ သီချင်းများ ဆိုပြသည်။ တစ်ခါတစ်ရံ တောင်နှင့်ပတ်သတ်သည့် စာဆို ကဗျာများကို ဟန်ပါပါ ရွတ်ပြနေပုံကလည်း ရယ်စရာကောင်းခဲ့သည်။

သူသည် သူမ အားကျရသောသူဖြစ်ခဲ့သည်။ သူ့အား ကတိပေးခဲ့ဖူးသည်။ သူ ချစ်တဲ့ ဒီခရီးစဉ်အား သူမ ထိန်းသိမ်းပေးမည်ဟု။ သု့ိသော် သူ မပါသော တောင်တက်ခရီးသည် သူမအား အလွမ်းဒဏ်ဖြင့် ပိုပင်ပန်းစေခဲ့ပြီ။

အကိုဆိုတဲ့ ညီမရဲ့ နားခိုရာရယ် .. အကိုကော ညီမကို သတိရနေရဲ့လားဟင်။

ဒါပေမယ့် ဆယ်ကျော်သက် ညီမရဲ့ အချစ်က တစ်ချိန်က အကို ကျောင်းမှာ ရေးခဲ့တဲ့ စာတွေ ဖတ်ခဲ့တဲ့ စာအုပ်တွေလောက်တောင် အမှတ်ရစရာ ကောင်းပါ့မလားဟင်။

_______________________________


Emily_Shun90

30 Minutes Writing Where stories live. Discover now