Dream : You are . . . .

227 30 3
                                    

ကုိယ့္အတြက္ မင္းဟာ

တစ္ခါတစ္ရံ
ေမႊးရနံ႕ေတြထံုသင္းေနတဲ့ ပန္းခင္းေလးတစ္ခင္းလို. . . ။

ဒါေပမဲ့ တစ္ခါတစ္ရံေတာ့လည္း  
ဘယ္အခ်ိန္မွာ ၿပိဳက်သြားမလဲမသိႏိုင္တဲ့
တံတားအိုတစ္စင္းလိုေပါ့ . . . ။

တစ္ခ်ိဳ႕အခ်ိန္ေတြမွာ
မာယာမ်ားလြန္းတဲ့ ေတာအုပ္ႀကီးတစ္ခုလို . . . ။

ဒါေပမဲ့ တစ္ခ်ိဳ႕အခ်ိန္ေတြမွာေတာ့လည္း
ေအးခ်မ္းမႈကို ေပးစြမ္းတဲ့
အစိမ္းေရာင္ျမက္ခင္းျပင္ေလးလိုေပါ့ . . . ။

ညပိုးစုန္းၾကဴးေလးေတြကေတာ့
ကိုယ့္ကို သတိေပးၾကရွာတယ္ . . . ။

တကယ္ေတာ့ မင္းဟာ
ဧဒင္ ဥယ်ာဥ္ထဲက
တားျမစ္ပန္းသီးပင္တစ္ပင္ဘဲေလ . . . ။

_____________________

[Unicode]

ကိုယ့်အတွက် မင်းဟာ

တစ်ခါတစ်ရံ
မွှေးရနံ့တွေထုံသင်းနေတဲ့ ပန်းခင်းလေးတစ်ခင်းလို. . . ။

ဒါပေမဲ့ တစ်ခါတစ်ရံတော့လည်း  
ဘယ်အချိန်မှာ ပြိုကျသွားမလဲမသိနိုင်တဲ့
တံတားအိုတစ်စင်းလိုပေါ့ . . . ။

တစ်ချို့အချိန်တွေမှာ
မာယာများလွန်းတဲ့ တောအုပ်ကြီးတစ်ခုလို . . . ။

ဒါပေမဲ့ တစ်ချို့အချိန်တွေမှာတော့လည်း
အေးချမ်းမှုကို ပေးစွမ်းတဲ့
အစိမ်းရောင်မြက်ခင်းပြင်လေးလိုပေါ့ . . . ။

ညပိုးစုန်းကြူးလေးတွေကတော့
ကိုယ့်ကို သတိပေးကြရှာတယ် . . . ။

တကယ်တော့ မင်းဟာ
ဧဒင် ဥယျာဉ်ထဲက
တားမြစ်ပန်းသီးပင်တစ်ပင်ဘဲလေ . . . ။

_____________________

AmorrCielo

30 Minutes Writing Where stories live. Discover now