Mind

92 13 0
                                    

OK. Dream Challenge လေးကတော့ပြီးသွားပါပြီ။အခု ကိုယ်က Mind ဆိုတဲ့ Title လေးနဲ့ စာလုံးတစ်ချို့ရွေးထားတယ်။ဘာလေးတွေလဲဆိုတော့ ခံစားချက်ကိုဖော်ပြဖို့ အဓိကကိုယ်စားပြုနိုင်တဲ့ စာလုံးလေးတွေပါ။ပြီးတော့ ခံစားချက်ဖြစ်ပေါ်လာအောင်လဲ ပြုလုပ်ပေးနိုင်တဲ့ စာလုံးလေးတွေပါ။ဘယ်လိုမျိုး ကိုယ်စားပြုနိုင်လဲ ???? ဘယ်လိုဖြစ်ပေါ်လာအောင် ပြုလုပ်ပေးနိုင်လဲ ????

OK . ကိုယ်ပြောပြမယ်။သူတို့က ဘယ်လိုကိုယ်စားပြုကြလဲလို့ . . . ။ခံစားချက်ဖြစ်ပေါ်လာအောင် ဘယ်လိုပြုလုပ်ကြလဲလို့ . . . ။

ကဗျာကောင်းတစ်ပုဒ်ဟာ သေချာပေါက် မင်းကို ကောင်းမွန်တဲ့ခံစားမှုရသ တစ်ခုကိုပေးနိုင်မှာပါ။ ပျော်ရွှင်မှု ဒါမှမဟုတ် ဝမ်းနည်းမှု ၊အထီးကျန်မှု ။

ဒီလိုပါဘဲ စာအုပ် တစ်အုပ်ဟာလည်း မင်းရဲ့အထီးကျန်မှုတွေကို ပြေပျောက်အောင် ကောင်းကောင်းအဖော်ပြုပေးနိုင်မှာသေချာပါတယ်။

သီချင်းကောင်းကောင်း တစ်ပုဒ်သာ မင်းနဲ့အတူရှိနေရင် ငြိမ့်ငြိမ့်လေးနဲ့ အေးချမ်းတဲ့ခံစားမှုကို မင်းရလိမ့်မယ်။မင်းအနေနဲ့ တစ်ခြားတစ်ယောက်ရဲ့ အဖော်ပြုစကားပြောမှု လိုအပ်တော့မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ကတိ . . . ။ တကယ်တော့ ပြောရရင် ကတိတွေက တကယ်အထီးကျန်ဆန်လွန်းလှပါတယ်။အထူးသဖြင့် တစ်ဖတ်သတ်တည်နေရတဲ့ ကတိတွေပေါ့ . . . ။

အလွမ်း ဆိုကတည်းက ပျော်ရွှင်စရာမကောင်းတော့တာ သေချာပါတယ်။ဒါပေမဲ့လည်း တစ်ချို့သော လွမ်းဆွတ်မှုတွေက ကြည်နူးစရာကောင်းနေပါသေးတယ်နော်။

နားခိုရာ . . . ။ ရေရွတ်လိုက်တာနဲ့ နွေးထွေးမှုကို ခံစားရမယ်လို့ ကိုယ်ထင်တယ်။ လုံခြုံမှု ။နွေးထွေးမှု ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ခံစားချက်လဲ။

စမ်းချောင်းကြည်ကြည်လေးကို မျက်လုံးထဲမှာမြင်ကြည့်လိုက် . . . ။ဘယ်လောက်တောင် အေးချမ်းလိုက်လဲ . . . ။ငြိမ်းချမ်းလိုက်တဲ့ခံစားချက်လေးဘဲ . . . ။

ဒါဆို ဒီတစ်ခေါက် Challenge မှာသုံးရမယ့်စာလုံးလေးတွေကို အကြမ်းမျဉ်း သိပြီဟုတ်။

အမှန်ပါဘဲ ကဗျာ၊စာအုပ်၊သီချင်း၊ကတိ၊အလွမ်း၊နားခိုရာ၊စမ်းချောင်း ။ ဒီစာလုံးလေးတွေနဲ့ရေးရမှာပါ။ ဘယ်လိုtype နဲ့ ရေးရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူးနော်။ အဓိက,က minute 30 အတွင်းမှာ ဒီစာလုံးလေးတွေပါအောင်ရေးဖို့ပါဘဲနော်။

အားလုံးရဲ့ ဇာတ်လမ်းတွေကို မျှော်နေပါမယ်နော်။

Deadline ကတော့ 26.9.2019 ပါနော်။

30 Minutes Writing Where stories live. Discover now