Season : Counting The Roses

73 10 6
                                    

"Good Morning, my dear"

"Good Morningပါကိုကို"

မနက်ခင်းအချိန်အခါလေးကို ကြည်နူးစွာ နိုးထလာသောချစ်သူလေးနှစ်ဦးကို သင်တွေ့ရလိမ့်မည်။
အပြင်မှာ မိုးတွေအုံ့ကာ ကောင်းကင်ကြီးသည် မီးခိုးရောင်သို့ပြောင်းလဲနေပေသည်။ သို့သော်ငြားလည်း ချစ်သူနှစ်ယောက်မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားသည့်နှယ် စိတ်အစဉ်ရွှင်လန်းနေကြသည်။

"ကိုကို ဒီနေ့အလုပ်ပိတ်ရက်မို့လား။ ကျွန်တော်တို့လျှောက်လည်ကြမယ်လေ။"

"အင်း ကိုယ်တို့ဘယ်သွားကြမလဲ ကလေး။"

"ဒါဆိုရင် မနက်စာအရင်ဖြည့်ရအောင် Bakeryတစ်ခုခုဖြစ်ဖြစ် သွားကြမယ်လေ။"

"ကလေးသဘော။"

"Okay ကလေးသဘောဆိုပြီး ခင်ဗျားကအိပ်ရာက မကြွသေးဘူး။ ထမယ်၊ ထမယ် ကိုယ်တော်။"

ဤသို့ဖြင့် အပြင်သွားရန်ပြင်ဆင်ရင်း Bakeryဆိုင်တစ်ဆိုင်သို့ သူတို့ရောက်ခဲ့ရလေတော့သည်။

Bakeryဆိုင်ရှေ့သို့ ရောက်လာသောအခါ ကားလေးကိုရပ်ကာ သူတို့နှစ်ယောက် ဆင်းလာကြလေသည်။ ဆိုင်ထဲသို့ဝင်ကာ အေးအေးဆေးဆေးပင် စာစရာများကိုမှာယူကာ စားကြပြန်သည်။ Breakfastစားနေစဉ်တွင် ဆိုင်ထဲသို့လူတစ်ယောက်ဝင်လာလေသည်။
အနက်ရောင်ထီး၊ အနက်ရောင်ဝတ်စုံကို မိုးရာသီထိုင်းထိုင်းမှိုင်းမှိုင်းအချိန်တွင် လိုက်ဖက်စွာဝတ်ဆင်ထားသော ထိုလူမှာ သူတို့နှစ်ယောက်ရှေ့တွင်လာရပ်လေသည်။

ထိုလူ၏ပုံစံမှာ သူတို့အား တစ်စုံတစ်ယောက်ကို သတိရစေလေသည်။ မည်သူ့ကိုလဲတော့သူတို့မမှတ်မိ။ လက်ထဲတွင်နှင်းဆီပန်းတစ်စည်းကို ကိုင်ကာထားလေသည်။ မျက်နှာတွင်လည်း maskတပ်ထားသောကြောင့် ဘယ်သူမှန်းမသိရပေ။

"Congratulations ပါ ကိုရှင်းပိုင်နဲ့ ကိုရှင်းနိုင်။ ခင်ဗျားတို့ရဲ့ Third Year Anniversary အတွက်ဂုဏ်ပြုပါတယ်။"

ထိုသူကဘယ်သူလဲ။ ရှင်းပိုင်ကို surpriseလုပ်ပေးဖို့်ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ထိုလူကသူ့ထက်ပိုစော၍ လုပ်ပေးခဲ့သဖြင့် စိတ်ထဲတွင် အနည်းငယ်တော့ ခံရခက်လေသည်။

30 Minutes Writing Where stories live. Discover now