လိမ္မော်နှင့် နှင်းဆီရောင်အချိုးကျ
ရောယှက်လျက် ကောင်းကင်ထက်
လှဲလျောင်းရာ နေရာဆီမှ
ငေးကြည့်မိသောအခါ
အိပ်တော့မည့် နေဝန်းနီနီက လက်ပြနှုတ်ဆက်တယ်။အမှောင်ထုရယ်လာ ၊ နက်ရှိုင်းသောပင်လယ်ကဲ့သို့ ၊
နေဝန်းသူရိန် အိပ်မောကျပြီးနောက် ၊ စိန်ပွင့်လေလား ၊အထင်မှားစရာ ၊
တလက်လက်တောက်ပနေသော ကြယ်တစ်စုက ပြုံးကာပြတယ်။လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်ကတည်းက ပြန့်နှံ့နေခဲ့သော အကြောင်းအရာတစ်ခုက ကဗျာများ ၊ စာအုပ်များထဲထိတိုင် ထည့်သွင်းရေးသားနေဆဲဖြစ်သည်။
" ကြယ်ကြည့်ဗိမာန် "
ထိုစကားစုလေးကိုအသုံးပြု၍ သီချင်းများစပ်ဆိုကြပြန်သေးသည်။ ထိုကြယ်ကြည့်ဗိမာန်ဆိုသော နေရာလေးကို အဆောက်အဦးတစ်ခုဟု ထင်မိလျှင်မှားယွင်းသွားလိမ့်မည်။
ကြယ်ကြည့်ဗိမာန်ဆိုသည်မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော အပင်ကြီးတစ်ပင်သာဖြစ်သည်။ အကိုင်းအခက်များက ဖြာထွက်လျက်ရှိပြီး ရို့စ်ဖောလ်ရွာထိပ် စမ်းချောင်းအနီး တွင်တည်ရှိသည်။ ပင်စည်၏ လုံးပတ်က အခေါင်းထွင်း၍ ဝင်နေမည်ဆိုလျှင်တောင် လူအယောက် ၂၀လောက် ကောင်းကောင်းဝင်ဆန့်သည်။
တစ်ခါသောအခါက ကန့်သတ်ထားသော ချစ်ခြင်းဖြင့် ချစ်မိခဲ့သော လူငယ်နှစ်ယောက်က လပြည့်ရောက်တိုင်း အပင်ကြီးဆီကို ကြယ်ကြည့်ရန် လာခဲ့ကြသည်တဲ့။ တစ်ယောက်က ရွာခေါင်းဆောင်သား၊ တစ်ယောက်က ဘာသာရေးအဖွဲ့အစည်းအကြီးအကဲ၏သားဖြစ်သည်။ ၂နှစ်တာကာလကိုကျော်လွန်ပြီးသည်အထိ လပြည့်နေ့ရောက်တိုင်း ကြယ်ကြည့်ရန် တွေ့ဆုံကြစမြဲဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်၏ ချစ်ခြင်းကို သိသွားကြလေပြီးသောအခါ ထာဝရမခွဲဘူးဟု ကတိပေးထားသည့်အလျောက် တိတ်တဆိတ်ထွက်ပြေးရန် ထိုအပင်ကြီး၌ ချိန်းဆိုထားခဲ့ကြသည်။
YOU ARE READING
30 Minutes Writing
Random30 Minutes Writing မှာ ပါဝင်ရင်း အရေးအသားလေ့ကျင့်ကြရအောင်။