Puzzle : Find Me

43 4 0
                                    

[Zawgyi]

ျမဴ ခိုးေငြ႕ေတြေ၀ေနတဲ့ လမ္းတစ္ဖက္တစ္ခ်က္မွာ ဆိုက္ပရပ္စ္ပင္ေတြ ၿခံရံလ်က္ ။

ဟိုးလမ္းအဆံုးမွာေတာ့ အိမ္အိုႀကီးတစ္လံုးရွိတယ္ ။

လူေတြကေတာ့ ဒီအိမ္ႀကီးအေၾကာင္း အမ်ိဳးမ်ိဳးေျပာေနၾကတာပဲ ။

လသာတဲ့ ညတစ္ညမွာ အိမ္ႀကီးသခင္ ေကာင္မေလးဟာ အင္မတန္ လက္ရာေျမာက္တဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို ဖန္တီးခဲ့တယ္တဲ့ ။

သို႔ေပမယ့္ ဒီပန္းခ်ီကားႀကီး ၿပီးဆံုးသြားတဲ့အခ်ိန္ကစၿပီး ကပ္ဆိုးေတြ ၀င္လာခဲ့တာမို႔ အဲဒီ ပန္းခ်ီကားကို ပိတ္သိမ္းပစ္လိုက္ရတယ္လို႔ ဆိုၾကပါသတဲ့ ။

"မျဖစ္နိုင္လိုက္တာ" ကြၽန္ေတာ္ဟာ ထိုကဲ့သို႔ ေရ႐ြတ္ၿပီး ထိုအိမ္ႀကီးဆီကို ၀င္ေရာက္လာခဲ့ေတာ့တာပဲ ...

"မၾကည့္နဲ႔"

ပိတ္ျဖဴ စအုပ္ထားတဲ့ ပန္းခ်ီကားကို ကြၽန္ေတာ္ လွန္ၾကည့္ဖို႔ လုပ္ေတာ့ တီးတိုးသံေလးတစ္ခုက အေလာသံုးဆယ္ တားျမစ္တယ္ ။

ကြၽန္ေတာ္ကေတာ့ ဂရုမစိုက္ခဲ့ ။

ေနာက္တစ္ေန႔မွာေတာ့ ကြၽန္ေတာ္ဟာ ေပ်ာက္ဆံုးသြားတယ္တဲ့ ။

လူေတြက ကြၽန္ေတာ့္ကို လိုက္ရွာၾကတယ္

ကြၽန္ေတာ္က ျမင္ေနရေပမယ့္ သူတို႔က မျမင္နိုင္ၾကဘူး ။ ကြၽန္ေတာ္ ေအာ္ေခၚေသးတယ္ ။ မၾကားၾကဘူး ။

အျဖဴ ေရာင္၀တ္စံုနဲ႔ေကာင္မေလးက ကြၽန္ေတာ့္နားကို ေရာက္လာတယ္ ။

"ကြၽန္မတားသားပဲ ရွင္က ဇြတ္တိုးတာကိုး" တဲ့

ကြၽန္ေတာ္ ေနာင္တရေနပါၿပီ

ေက်းဇူးျပဳ ၿပီး ကြၽန္ေတာ့္ကို လာရွာေပးပါ

အိမ္ႀကီးထဲက အႀကီးဆံုးေၾကးမံုျပင္ထဲမွာ ကြၽန္ေတာ္ အခုထိ ရွိေနပါေသးတယ္...

By holly_3299

_ _ _ _ _ _ _ _

{ Unicode }

မြူ ခိုးငွေ့တွေဝေနေတဲ့ လမ်းတစ်ဖက်တစ်ချက်မှာ ဆိုက်ပရပ်စ်ပင်တွေ ခြံရံလျက် ။

ဟိုးလမ်းအဆုံးမှာတော့ အိမ်အိုကြီးတစ်လုံးရှိတယ် ။

လူတွေကတော့ ဒီအိမ်ကြီးအကြောင်း အမျိုးမျိုးပြောနေကြတာပဲ ။

လသာတဲ့ ညတစ်ညမှာ အိမ်ကြီးသခင် ကောင်မလေးဟာ အင်မတန် လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်ကို ဖန်တီးခဲ့တယ်တဲ့ ။

သို့ပေမယ့် ဒီပန်းချီကားကြီး ပြီးဆုံးသွားတဲ့အချိန်ကစပြီး ကပ်ဆိုးတွေ ဝင်လာခဲ့တာမို့ အဲဒီ ပန်းချီကားကို ပိတ်သိမ်းပစ်လိုက်ရတယ်လို့ ဆိုကြပါသတဲ့ ။

"မဖြစ်နိုင်လိုက်တာ" ကျွန်တော်ဟာ ထိုကဲ့သို့ ရေရွတ်ပြီး ထိုအိမ်ကြီးဆီကို ဝင်ရောက်လာခဲ့တော့တာပဲ ...

"မကြည့်နဲ့"

ပိတ်ဖြူ စအုပ်ထားတဲ့ ပန်းချီကားကို ကျွန်တော် လှန်ကြည့်ဖို့ လုပ်တော့ တီးတိုးသံလေးတစ်ခုက အလောသုံးဆယ် တားမြစ်တယ် ။

ကျွန်တော်ကတော့ ဂရုမစိုက်ခဲ့ ။

နောက်တစ်နေ့မှာတော့ ကျွန်တော်ဟာ ပျောက်ဆုံးသွားတယ်တဲ့ ။

လူတွေက ကျွန်တော့်ကို လိုက်ရှာကြတယ်

ကျွန်တော်က မြင်နေရပေမယ့် သူတို့က မမြင်နိုင်ကြဘူး ။ ကျွန်တော် အော်ခေါ်သေးတယ် ။ မကြားကြဘူး ။

အဖြူ ရောင်ဝတ်စုံနဲ့ကောင်မလေးက ကျွန်တော့်နားကို ရောက်လာတယ် ။

"ကျွန်မတားသားပဲ ရှင်က ဇွတ်တိုးတာကိုး" တဲ့

ကျွန်တော် နောင်တရနေပါပြီ

ကျေးဇူးပြု ပြီး ကျွန်တော့်ကို လာရှာပေးပါ

အိမ်ကြီးထဲက အကြီးဆုံးကြေးမုံပြင်ထဲမှာ ကျွန်တော် အခုထိ ရှိနေပါသေးတယ်...

By holly_3299

30 Minutes Writing Where stories live. Discover now