Life : Goodbye

37 7 0
                                    

ဒါဟာ တကယ္ေတာ့ မိုက္ရူးရဲဆန္ျခင္းပဲ . . . ။

ေပါ့ပ်က္ပ်က္ဘဝကိုျဖတ္သန္းေနတဲ့ ခင္ဗ်ားနဲ႔ အေလးအနက္ထား ေတြးေတာတတ္တဲ့ကြ်န္ေတာ္။ဘယ္လိုေတာင္ မလိုက္ဖက္လြန္းတဲ့ ေပါင္းဖက္မႈမ်ိဳးလဲ ။

ညပါတီမွာ ညဥ့္ငွက္တစ္ေကာင္နဲ႔တြဲကာ လူးလြန္႔ေနတဲ့ ခင္ဗ်ားကိုျမင္ရတာ ေအာ့ႏွလံုးနာစရာေကာင္းလိုက္တာ . . . ။

ခင္ဗ်ားရဲ႕အခ်စ္ေတြက ညမီးပန္းေတြနဲ႔တူတယ္။ေကာင္းကင္ေပၚမွာ အရမ္းကိုလွပစြာေပၚထြက္လာၿပီး ခ်က္ခ်င္း မီးခိုးေငြ႕အျဖစ္ ေပ်ာက္ကြယ္သြားတက္တဲ့ ညမီးပန္းေတြလိုပဲ တစ္ခဏတာပဲ သာယာဖို႔ေကာင္းတယ္။

ကြ်န္ေတာ္မွတ္မိေသးတယ္ အဲ့ဒီေန႔ညကို . . . ။ ကြ်န္ေတာ္တကယ္ကို ေပါက္ကြဲထြက္ခဲ့တာပဲ။ေဒါသတႀကီးနဲ႔ ခင္ဗ်ားကို ေျပာဆိုေနခဲ့တာ . . . ။

ကြ်န္ေတာ္ဘာေျပာခဲ့တာပါလိမ့္ . . . ။စဥ္းစားစမ္း . . . ။ေၾသာ္ . . . မွတ္မိၿပီ ။

" ကြ်န္ေတာ္ဟာ ေယာက္်ားတစ္ေယာက္ကို ခ်စ္မိခဲ့တာကလြဲရင္ ကြ်န္ေတာ္ဟာလည္း ေယာက္်ားတစ္ေယာက္ဘဲ . . . ။ခင္ဗ်ားထက္မေလ်ာ့တဲ့ မာနေတြ၊ဂုဏ္သိကၡာေတြရွိတဲ့ ေယာက္်ားတစ္ေယာက္။ဒါကို ခင္ဗ်ား ၿမဲၿမဲမွတ္ထား "

ကြ်န္ေတာ္ခင္ဗ်ားကို လက္ညိဳးေငါက္ေငါက္ထိုးၿပီးကို ေအာ္ဟစ္ေျပာဆိုမိခဲ့တာပဲ . . . ။

ထားပါေတာ့ေလ . . . ။ ဒါေတြကအတိတ္ေတြပဲ . . . ။ဒီေန႔ၿပီးရင္ ကြ်န္ေတာ္တို႔ထပ္ျပန္ေတြ႕စရာမလိုေတာ့ဘူးေလ. . . ။

ႏႈတ္ဆက္ခဲ့တယ္ ခင္ဗ်ားေရ . . . ။ၿပီးေတာ့ ကြ်န္ေတာ္ခ်စ္တဲ့အမိေျမ . . . ။

ကြ်န္ေတာ္ေရရြတ္လိုက္တယ္။

" သက္ဝင္လႈပ္ရွားေနတယ္ထင္ရတဲ့ အျပည္ျပည္ဆိုင္ရာေလဆိပ္ႀကီးကလည္း တကယ္ေတာ့ ေျခာက္ကပ္ကပ္ႀကီးပါပဲကြာ . . . ။ "

________________________

[Unicode]

ဒါဟာ တကယ်တော့ မိုက်ရူးရဲဆန်ခြင်းပဲ . . . ။

ပေါ့ပျက်ပျက်ဘဝကိုဖြတ်သန်းနေတဲ့ ခင်ဗျားနဲ့ အလေးအနက်ထား တွေးတောတတ်တဲ့ကျွန်တော်။ဘယ်လိုတောင် မလိုက်ဖက်လွန်းတဲ့ ပေါင်းဖက်မှုမျိုးလဲ ။

ညပါတီမှာ ညဥ့်ငှက်တစ်ကောင်နဲ့တွဲကာ လူးလွန့်နေတဲ့ ခင်ဗျားကိုမြင်ရတာ အော့နှလုံးနာစရာကောင်းလိုက်တာ . . . ။

ခင်ဗျားရဲ့အချစ်တွေက ညမီးပန်းတွေနဲ့တူတယ်။ကောင်းကင်ပေါ်မှာ အရမ်းကိုလှပစွာပေါ်ထွက်လာပြီး ချက်ချင်း မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားတက်တဲ့ ညမီးပန်းတွေလိုပဲ တစ်ခဏတာပဲ သာယာဖို့ကောင်းတယ်။

ကျွန်တော်မှတ်မိသေးတယ် အဲ့ဒီနေ့ညကို . . . ။ ကျွန်တော်တကယ်ကို ပေါက်ကွဲထွက်ခဲ့တာပဲ။ဒေါသတကြီးနဲ့ ခင်ဗျားကို ပြောဆိုနေခဲ့တာ . . . ။

ကျွန်တော်ဘာပြောခဲ့တာပါလိမ့် . . . ။စဉ်းစားစမ်း . . . ။သြော် . . . မှတ်မိပြီ ။

" ကျွန်တော်ဟာ ယောက်ျားတစ်ယောက်ကို ချစ်မိခဲ့တာကလွဲရင် ကျွန်တော်ဟာလည်း ယောက်ျားတစ်ယောက်ဘဲ . . . ။ခင်ဗျားထက်မလျော့တဲ့ မာနတွေ၊ဂုဏ်သိက္ခာတွေရှိတဲ့ ယောက်ျားတစ်ယောက်။ဒါကို ခင်ဗျား မြဲမြဲမှတ်ထား "

ကျွန်တော်ခင်ဗျားကို လက်ညိုးငေါက်ငေါက်ထိုးပြီးကို အော်ဟစ်ပြောဆိုမိခဲ့တာပဲ . . . ။

ထားပါတော့လေ . . . ။ ဒါတွေကအတိတ်တွေပဲ . . . ။ဒီနေ့ပြီးရင် ကျွန်တော်တို့ထပ်ပြန်တွေ့စရာမလိုတော့ဘူးလေ. . . ။

နှုတ်ဆက်ခဲ့တယ် ခင်ဗျားရေ . . . ။ပြီးတော့ ကျွန်တော်ချစ်တဲ့အမိမြေ . . . ။

ကျွန်တော်ရေရွတ်လိုက်တယ်။

" သက်ဝင်လှုပ်ရှားနေတယ်ထင်ရတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကလည်း တကယ်တော့ ခြောက်ကပ်ကပ်ကြီးပါပဲကွာ . . . ။ "

________________________

AmorrCielo

30 Minutes Writing Where stories live. Discover now