43 5 0
( Zawgyi)
သောကြာ​နေ့ရဲ့ ည​နေဟာ
ပုစွန်​ဆီ​ရောင်​သန်း​နေတယ်​။
ချိန်​ခွင်​ကိုင်​​ဆောင်​ထားတဲ့
နတ်​သမီးရုပ်​ထုရဲ့ ​ရှေ့မှာ
မတ်​တပ်​ရပ်​​နေခဲ့တယ်​။
ကျမ်းစာဖတ်​ထားရလို့
ပါးစပ်​ဟာ ​နေသားကျသွားပြီ။ 
အမှိုက်​မပစ်​ရဘူး။
မလိုအပ်​ပဲ စကားမ​ပြောရဘူး။
" အဲ့​ဒီ ည​နေမှာ
ဘယ်​​ရောက်​​နေခဲ့လဲ"
" ဆိုက်​ပရပ်စ်​​ပင်​​တွေ ပျံသန်းတာ
သွားကြည့်​​​နေခဲ့တယ်​ ဆရာ"
ခန်းမထဲ တီးတိုးသံ​တွေကြားရတယ်​။
တစ်​ဖက်​​ရှေ့​နေဟာ
ယုတ္တိမတန်​ဘူးလို့ ​လျှောက်​တယ်​။
တရားသူကြီးဟာ ဒွိဟ ဖြစ်​​နေတဲ့
ဲ့ မျက်​နှာ​ပေး ပုံစံ ဆင်​ယင်​ထား​ပေမယ့်
ဆိုက်​ပရပ်​စ်ပင်​​တွေ ပျံသန်း​နေခဲ့တယ်​။
"ခန​လေး တိတ်​​ပေးကြပါ "
တရားသူကြီးဟာ တူကို​ခေါက်​ရင်း​ပြောတယ်​။
" သူတို့​တွေ ဘယ်​ကို ပျံသန်းသွားကြလဲ "
" ​မြောက်​ဘက်​ကို သွားကြတယ်​ ဆရာ
    ကျွန်​​တော့်​အထင်​  ဒီနှစ်​ 
သူတို့ ​ဆောင်းခိုကြတာ ​နောက်​ကျတယ်​ ထင်​တယ်​"
ကျမ်းစာထဲက စာလုံး​တွေဟာ
လက်​​တွေ့မှာ အသက်​မဝင်​လာဘူး။
တရားလိုဟာ အသက်​မှန်​မှန်​ရှူ ​နေခဲ့တယ်​။
ဆိုက်​ပရပ်​​စ်​ပင်​​တွေ
ဆောင်းခိုကြတဲ့ ​နေရာက 
မြောက်​ဘက်​က အိမ်​အိုကြီး​ရှေ့မှာ ။
ဥယျာဉ်​မှူးဟာ
ဆိုက်​ပရပ်​စ်​ပင်​​တွေကို ​နေ့တိုင်း​ရေ​လောင်းတယ်​။ 
အိမ်​အိုကြီးရဲ့ အ​ပေါ်ထပ်​လသာ​ဆောင်​က​နေဆို
ဥယျာဉ်​တစ်​ခုလုံးကို ​သေချာမြင်​ရတယ်​။
ထင်းရှူးပင်​​တွေရယ်​၊
နှင်းဆီပင်​​တွေရယ်​ ၊
ဆိုက်​ပရပ်​စ်​ပင်​​တွေရယ်​ တူတူရှိကြ​ပေမယ့်
အိမ်​ပိုင်​ရှင်​က တစ်​မျိုးတည်းကို အ​တောင်​တပ်​တယ်​။
အိမ်​ပိုင်​ရှင်​ရဲ့ သားဟာ
အဖြူ​ရောင်​ဝတ်​စုံကို ဝတ်​ထားတယ်​။
မြူခိုး​တွေ​ဝေ​နေတဲ့ မနက်​​တွေမှာ
အိမ်​ပိုင်​ရှင်​ဟာ ​တောင်​တက်​​လေ့ကျင့်​တယ်​။
ဥယျာဉ်​မှူးဟာ ဆိုက်​ပရပ်​စ်​ပင်​​တွေရဲ့
ပန်းချီကားကို  နံရံမှာချိတ်​လိုက်​တယ်​။
အနီ​ရောင်​ ​စေးပျစ်​ပျစ်​ အရည်​တစ်​ချို့နဲ့
ပန်းချီဆရာရဲ့ နမည်​ကို ​ရေးထိုးထားတယ်​။
30 Minutes Writing Where stories live. Discover now