Life : ေတာင္းဆု

65 11 0
                                    

မိုးျမင့္အထက္၊ ေကာင္းကင္စက္၌
ျပည့္ဝလမင္း၊ ေမွာင္ကိုခြင္း၍
လင္းေရာင္ကိုက်ဥ္း ႐ွင္လမင္း။

တစ္ခုအိမ္ငယ္၊ ခန္းငယ္တြင္းဝယ္
ေအာ္ျပည့္ၿငီးသံ၊ အားေပးသံႏွင့္
လွ်မ္းထက္စိုေဝ မိမ်က္ရည္။

အူဝဲခ်ဴလ်က္၊ ငိုမယ္ကဲကဲ
ျခစ္ခ်ဳပ္ေအာ္ျငား၊ ၾကားမဝကား
ထိုင္မရထမရ ေကြၽးမည့္ဖ။

သတၱတစ္လူ၊ ဖြားဥျမဴသည့္
မီးပန္းလွ်ံခ၊ သီတင္းကြၽတ္ည
မိဖႏွစ္ျဖာ ဝမ္းပန္းသာ။

ႏွစ္တို႔ၾကာေညာင္း၊ ေရာ္ရြက္ေဟာင္းေသာ္
႐ႈမၿငီးပါ့၊ သားအလွက
လက္ျပႏႈတ္ဆက္ ေလဆိပ္ထက္။

စုကာေဝးေဝး၊ ပါတီေပးမည့္
သားလွျပန္လမ္း၊ အိမ္စခန္းကို
အမိႏွင့္ဖ ေမွ်ာ္လင့္ရ။

ဘဝတစ္ခု၊ အစျပဳသည့္
သီတင္းကြၽတ္ည၊ လည္ျပန္ေရာက္က
တစ္ပါးေသာသား ျပန္ေစသား။
မိႏွင့္ဖတို႔၊ ျပဳသည့္ေတာင္းဆု
မခြၽင္းမခ်န္ ျပည့္ေစသား။

__________________________

[Unicode]

မိုးမြင့်အထက်၊ ကောင်းကင်စက်၌
ပြည့်ဝလမင်း၊ မှောင်ကိုခွင်း၍
လင်းရောင်ကိုကျဉ်း ရှင်လမင်း။

တစ်ခုအိမ်ငယ်၊ ခန်းငယ်တွင်းဝယ်
အော်ပြည့်ငြီးသံ၊ အားပေးသံနှင့်
လျှမ်းထက်စိုဝေ မိမျက်ရည်။

အူဝဲချူလျက်၊ ငိုမယ်ကဲကဲ
ခြစ်ချုပ်အော်ငြား၊ ကြားမဝကား
ထိုင်မရထမရ ကျွေးမည့်ဖ။

သတ္တတစ်လူ၊ ဖွားဥမြူသည့်
မီးပန်းလျှံခ၊ သီတင်းကျွတ်ည
မိဖနှစ်ဖြာ ဝမ်းပန်းသာ။

နှစ်တို့ကြာညောင်း၊ ရော်ရွက်ဟောင်းသော်
ရှုမငြီးပါ့၊ သားအလှက
လက်ပြနှုတ်ဆက် လေဆိပ်ထက်။

စုကာဝေးဝေး၊ ပါတီပေးမည့်
သားလှပြန်လမ်း၊ အိမ်စခန်းကို
အမိနှင့်ဖ မျှော်လင့်ရ။

ဘဝတစ်ခု၊ အစပြုသည့်
သီတင်းကျွတ်ည၊ လည်ပြန်ရောက်က
တစ်ပါးသောသား ပြန်စေသား။
မိနှင့်ဖတို့၊ ပြုသည့်တောင်းဆု
မချွင်းမချန် ပြည့်စေသား။

____________________________

RachelOung167

30 Minutes Writing Where stories live. Discover now