(1)

11.8K 599 25
                                    

"လမ်းခွဲ ရအောင် ရောဘတ် "

"ဘာ.. ဘာလို့လဲ ဒေဝီ.. "

"ပျင်းလာလို့.. "

ကော်ဖီဆိုင်ထဲရှိထောင့်မကျတစ်ကျနေရာမှာထိုင်နေတဲ့ချစ်သူဖြစ်ဟန်တူတဲ့အတွဲတစ်တွဲ..
ကော်ဖီဆိုင်လေးရဲ့အပြင်အဆင်ကရှေးခေတ်ကိုမှီပြီး
ဖွဲ့စည်းထားသည့်အပြင် ဖွင့်ပေးထားသည့်သီချင်းအေးအေးလေးကြောင့်လဲ ချစ်သူရီးစားအတွဲတွေအတွက်အလွန်ကို romatic ဆန်လေသည်..

ထိုကဲ့သို့သောအခြေအနေမျိုးတွင်လမ်းခွဲစကားကို
သွေးအေးအေးပြောနေသည့်ကောင်မလေးသည်
အပြုံးမပျက်..ခါးလောက်ရှိသည့်ရွှေအိုရောင်ဆံနွယ်တို့ကိုလိပ်ခွေထားပြီးမိတ်ကပ်ပါးပါးသာလိမ်းထား
သည့်သူမရဲ့မျက်နှာကဖြူစင်သည်ထင်ရသော်လည်း
တကယ်တော့အဆိပ်ပြင်းသည့်မြွေဖြူမလေးတစ်
ကောင်သာ..သူမအရှေ့ကသူ့ကောင်လေးဟုထင်ရသောကောင်လေးကတော့ မျက်နှာအပျက်ပျက်အယွင်းယွင်းနှင့်..

"အဲ့လိုမလုပ်ပါနဲ့.. ဒေဝီ.. မင်းမကြိုက်တာတွေရှိရင်
ပြောပါ ကိုယ်ပြင်ပါ့မယ်.. အခုလိုတော့မပြောပါနဲ့"

ကျစ်! ! ဒေဝီနွယ် စိတ်ပျက်စွာ ကျွတ်တစ်ချက်သက်
လိုက်သည်.. သူယောက်ျားလေးတွေကိုသဘောမကျ
တဲ့အထဲအဲ့တာတွေပါသည်..အရမ်း over လုပ်တာ
လောကမှာအချစ်တတ်ဆုံးပုံစံဖမ်းတာ..ဒါတွေက
သိပ်ကိုစိတ်ပျက်စရာကောင်းသည်လေ...
အရှေ့မှာချထားတဲ့ coffee လေးမအေးခင် တစ်ငုံငုံ
လိုက်သည်...သူတို့ပေးတဲ့အချစ်ဆိုတာ
အခုသောက်နေတဲ့
Coffee လောက်တောင်အရသာမရှိဘဲနဲ့...

"Good bye ရောဘတ်...
ထပ်မတွေ့ဖို့မျှော်လင့်တယ်.."

သီချင်းသံအေးအေးလေးနဲ့အတူ သူမထွက်ခွာလာ
သောအချိန်ကျန်ခဲ့သော ဒေါက်ဖိနပ်သံ တဒေါက်
ဒေါက်သည်..ကျန်ရစ်ခဲ့သူအဖို့.. ကသိကအောက်နိုင်
လောက်သည်....ဒေဝီနွယ်ဆိုတာ ထိုကဲ့သို့သော..
မြွေဖြူမလေးတစ်ကောင်သာ....
လှပသည်... ညှို့အားပြင်းသည်...ပြီးတော့
အဆိပ်လည်းပြင်းသည်......

...............................

"အား... လွမ်းလိုက်တာ.. "

အလုပ်လုပ်နေသည့် သျှားမေ ရဲ့ပေါင်ပေါ်ကိုအတင်း
ခွထိုင်ကာ လည်ပင်းကိုသိုင်းဖတ်ထားသည့် အာပေတူး
မ ဒေဝီနွယ်....အလုပ်ကိစ္စမနက်ဖြန်အပြီးပေးရမှာမို့လို့ခနလောက်ငြိမ်ငြိမ်နေပေးပါဆိုလည်းမရ..
လည်ပင်းကို တတိတိကိုက်နေသည်..အခုအချိန်မှာ
ရင်လည်းမခုန်နိုင်.... အလုပ်မပြီးလျှင် ဆူပုပ်နေမည့်
Boss ဖြစ်သူရဲ့မျက်နှာကိုမြင်ယောင်ပြီး ရင်တုန်နေ
ရသည်...မနက်ဖြန်အပြီးပေးရမည့် design တွေ
ကိုအမြန်ပြီးအောင်ကုန်းရုန်းပြီးလုပ်နေရသည်မှာ
နားချိန်ပင်မရှိ.. အဲ့တာကို လာနှောက်ယှက်နေတဲ့
ချစ်သူမကျ.. သူငယ်ချင်းမက အာပေတူးမကြောင့်
လူကနေရတာပူလာသလိုလို...
ပခုံးပေါ်အပ်ထားသောသူမမျက်နှာကိုဆွဲယူပြီး
မျက်လုံးချင်းစုံစေလိုက်သည်

Killer....(Z+U)Where stories live. Discover now