"တီ တီ တီ ...."
ကိုင်သူမဲ့နေတဲ့ဖုန်းက စိတ္တဇအတွေးတွေကိုဖန်တီးနေ
၏ ...
15 ခါမကသောခေါ်ဆိုမှုအတွက် ကိုင်သူမရှိခြင်းက
စိတ်ပူစေရန်တွန်းအားတစ်ခုဖြစ်စေသည်...အလုပ်ကိစ္စနှင့် စင်ကာပူသို့ရောက်နေသော ငါးရက်အတွင်း သုံးရက်မြောက်သောနေ့မှစ၍ အဆက်အသွယ်
မရသည်မှာအခုထိပင်... ဘာများဖြစ်နေပြီလဲ..အလုပ်ကိစ္စများကိုမနက်ဖြန်အပြီးဖြတ်ပြီး
ပြန်တော့မည်.. သူဌေးပြန်မလွှတ်လဲ ရအောင်ပြန်မည်...ငါစိတ်ပူလို့သေတော့မယ် ဒေဝီနွယ်ရေ...
........ ......... ......... ........
အရူးတစ်ယောက်လိုပြေးလွှားနေသော သျှားမေကို
သူများတွေအမြင်မှာထူးဆန်းချင်ထူးဆန်းနေလိမ့်မည်
သျှားမေတကယ်လည်းရူးတော့မည်...Airport ကရောက်ရောက်ချင်းအိမ်ကိုအပြေးသွား
တော့ အန်တီမေ့ကိုသာတွေ့ရသည်...
အန်တီမေပြောတာက ဆေးရုံရောက်နေတယ်တဲ့..
အန်တီမေရဲ့စကားတွေကသျှားမေရဲ့နားထဲ
ဝင်တစ်လှည့်မဝင်တစ်လှည့်....သူခရီးသွားတဲ့ နှစ်ရက်မြောက်မှာ
သခွားသီး စားမိပြီး ဆေးရုံရောက်သွားခဲ့သည်
ဒေဝီနွယ်ဆိုတာ သခွားသီး စားမိရုံနှင့် သေမတက်ခံ
စားရသည့် အလာ့ဂျစ်ရှိသည်... အဲ့တာကြောင့်သေချာမှာထားခဲ့သားနဲ့ဘယ်ကဘယ်လို စားမိမှန်းမသိပေ...သူမရှိနေသောဆေးရုံကိုမျက်ရည်စမ်းစမ်းနှင့် လိုက်ရ
ပြန်သည်.... အကောင်းတိုင်းရှိနေမှဖြစ်မယ် ဒေဝီ..
အခန်းတံခါးဖွင့်လိုက်တော့ ကုတင်ပေါ်မှာမှေးနေသော
သူမ.. နှုတ်ခမ်းလေးတွေတောင်အရင်လိုသိပ်မစိုပြည်
တော့ဘူး..ဘယ်လောက်တောင်ကြောက်နေခဲ့မလဲ.."အော် လူနာရှင်လား.. "
ဒေဝီနွယ့်ကိုရပ်ကြည့်ပြီးမျက်ရည်ကျနေသည့်
သျှားမေအား လူနာအခြေအနေလာကြည့်သော
သူနာပြုမလေးကမေး၏...မျက်ရည်များကိုလျင်မြန်စွာသုတ်ပြီး ပြန်ဖြေမိသည်
"ဟုတ်ကဲ့.. "
"အော်..သျှားမေဆိုတဲ့တစ်ယောက်ထင်တယ် "
"အာ ...ဟုတ်ကဲ့"
YOU ARE READING
Killer....(Z+U)
Romanceကျွန်မတို့တွေက ကိုယ့်နှလုံးသားကိုယ်ပြန်သတ်ကြသည်.... ကျွန်မတို့တွေက ကိုယ့်နှလုံးသားကိုယ်ပြန်သတ်ကြသည်.... Girl ×Girl #moonlight