(5)

3.9K 350 11
                                    

"ဟင့်အင်း မသွားပါနဲ့.... ဖေဖေ သမီးတို့ကိုမထားခဲ့
ပါနဲ့နော်.. "

ငိုယိုပြီး တောင်းပန်နေသောသားအမိနှစ်ယောက်ကို
လျစ်လျူရှုကာ ကျောခိုင်းသွားသောဖခင်..

"အကိုရယ် အဲ့လိုမလုပ်ပါနဲ့ သမီးလေးမျက်နှာကို
ဖြစ်ဖြစ်ထောက်ပြီးတော့အဲ့လိုမလုပ်ပါနဲ့..
ယု တောင်းပန်ပါတယ် "

"မင်းငါ့ကိုဝေခွဲရခက်အောင်မလုပ်နဲ့ ယု
မင်းလည်းသိသားနဲ့.... မင်းတို့သားအမိအတွက်ငါပေး
ဆပ်နိုင်တာကုန်ပြီ.. ငါ့ကိုလွတ်လပ်ခွင့်ပေးတော့... "

"အကိုရယ်အဲ့လိုတော့ .... ဟင့်... အဲ့လိုတော့
မပြောပါနဲ့... ယုနဲ့အကိုနဲ့အရမ်းကိုချစ်ခဲ့ကြတယ်လေ
ဟင့်.. အဲ့လိုမလုပ်ပါနဲ့. "

နှလုံးကြေမတတ်ငိုကြွေးနေတဲ့ မေမေ့ရဲ့မျက်နှာက
ငါးနှစ်အရွယ် ဒေဝီနွယ်အတွက်တော့ နှလုံးသားထဲ
ဘယ်တော့မှမေ့ဖျောက်လို့မရတဲ့ပုံရိပ်အဖြစ်စွန်းထင်
စေခဲ့သည်.... သူမ အခြေအနေတွေကို သေချာမသိ
ခဲ့ မဆုံးဖြတ်နိုင်ခဲ့တဲ့အရွယ် သူမ သိတာက... ဖေဖေကသူဆိုးလို့သူ့ကိုမချစ်တော့လို့ထွက်သွားချင်တာလို့
ထင်ခဲ့တယ်...

ရုတ်တရတ်ဖေ့ဖေ့နောက်ကိုပြေးလိုက်တဲ့မေမေ...
ဖေဖေရယ် ရက်စက်လိုက်တာ ဘာလို့မေမေ့ကိုပါ
ဒေဝီ့ဘဝထဲကထာဝရဆွဲခေါ်သွားတာလဲ... ဖေဖေ
မကောင်းဘူး ဖေဖေ လူဆိုးကြီး ဖေဖေ့ကိုမုန်းတယ်

သွေးအိုင်ထဲမှာလဲကျနေတဲ့မေမေ့မျက်နှာလေးကို
လက်သေးသေးလေးတွေနဲ့ဆွဲယူပြီးရင်ခွင်သေးသေး
လေးထဲဆွဲပွေ့ထားသည်... ကူညီကြပါ..
မေမေ့ကိုကယ်ပေးကြပါ.. မေမေအရမ်းနာနေမှာ...
မေမေ မနာအောင်ဒေဝီ လေလေးနဲ့မှုတ်ပေးမယ်နော်
ဒေဝီချော်လဲလို့ နာနာ ဖြစ်တိုင်း မေမေ
လေလေးနဲ့မှုတ်ပေးသလို ဒေဝီမှုတ်ပေးမယ်နော်..

"သမီးလေး ..... မငိုနဲ့နော် ....
မေမေ...က... ခန..ခန. ..အိပ်လိုက်ရင်ကောင်းသွား
မှာ... အဲ့တာကြောင့်မငိုနဲ့နော်... "

"အဲ့တာဆိုအိပ်လိုက်နော်... ဒေဝီသီချင်းဆိုပြမယ်.."

"မေမေ့ မင်းသမီးလေး...အသံ..က..သာယာတော့
မေမေ..တော့...အိပ်မက်လှလှမက်တော့မှာပဲ..."

Killer....(Z+U)Où les histoires vivent. Découvrez maintenant