(9)

3.9K 321 13
                                    

"လင်းလဲ့ နင်ဒေဝီ့ကိုဘာပြောလိုက်တာလဲ "

လင်းလဲ့နဲ့ရှင်းမှဖြစ်မည်
သူ့စနက်ကြောင့် ဒေဝီ့ကိုရိုက်မိတာ

"စိတ်လျော့ သျှားမေ စိတ်လျှော့
ငါကအိပ်ချင်ယောင်ဆောင်နေတဲ့သူကိုနှိုးပေးလိုက်ရုံ
လေးပါဟ "

လင်းလဲ့ဆိုတာကျောင်းကတည်းကငမွှေထိုးမ
အခုထိလည်မွှေတုန်းပဲ မနေ့ကသူမွှေလိုက်တာ
တော်တော်ဆိုးသည်

"နင်ဟာ တော်တော်မွှေတာပဲ... ငါ... ငါ...ဟင်းးး"

သက်ပြင်းချရုံသာရှိသည်

"ဘာလဲ ဘာဖြစ်သွားလို့လဲ သျှားမေ "

"ငါသူ့ကိုရိုက်လိုက်မိတယ်ဟ "

စိတ်ထဲမှာတော့ယူကြုံးမရ

"အို မိုင် ဂေါ့  တကယ်ကြီးလား
အဲ့လောက်တောင်ဆိုးသွားတာလား sorry ပါဟာ "

"လုပ်မနေနဲ့တော့ ထားလိုက်တော့
နင့်ကိုလဲငါတကယ်မနိုင်တဲ့လူထဲမှာပါတယ် "

"ဒါနဲ့ သူရော... အိမ်ပေါ်ကဆင်းသွားပြီလား
ဒါမှမဟုတ် suicide. OMG! "

ဗုဒ္ဓေါ သူပြောမှပဲခေါင်းတောင်ကျိန်းသည်

"ဟဲ့ပေါက်ပန်းလေးဆယ်ပြောမနေနဲ့ အိပ်ပျော်
သွားပြီ "

"တော်သေးတာပေါ့"

"နင်လဲသတိကောင်းကောင်းထား ငါနဲ့တွေ့အုံးမယ် "

"သူများကစေတနာနဲ့ သူအဆင်ပြေပါစေ စေ.စေ."

"တိတ်စမ်း နင့်အကြောင်းငါမသိဘူးများထင်နေလား
တော်ပြီ ဒါပဲ "

Ph ထဲမှာ မို့လို့သာတော်ကာကြမည်
မဟုတ်ရင်လင်းလဲ့ကိုထရိုက်မိမလားတောင်မသိ...
သက်ပြင်းတွေချနေတာဘယ်နှစ်ခါမြောက်မှန်း
မသိတော့

'ငါနင့်ကိုလက်ခံဖို့ကြိုးစားမှာပါ' ဆိုတဲ့စကားကို
သူယုံပြီးပျော်လို့ဖြစ်ရဲ့လား...ကုတင်ပေါ်ကသူက
တော့အေးအေးချမ်းချမ်းအိပ်ပျော်နေသည်...

သူ့ဘေးနားလေးဝင်လှဲပြီး သူမကိုယ်လေးကို
ရင်ခွင်ထဲထွေးပွေ့ကာ မျက်စိမှိတ်ထားလိုက်သည်

"ငါနင့်ကိုယုံလို့ရလား... ငါနင့်ကိုယုံချင်တယ် "

ရင်ခွင်ထဲကခေါင်းလုံးလုံးလေးကိုဖိကပ်နမ်းလိုက်ပြီး
တိုးတိုးလေးရေရွတ်မိသည်.....

Killer....(Z+U)Where stories live. Discover now