(12)

3.9K 307 20
                                    

အလောတကြီးချလိုက်မိတဲ့ဆုံးဖြတ်ချက်ကမှားသွား
ပြီလား......
သူမှားခဲ့တာ အရာအားလုံးရဲ့အစမှာသူမှားခဲ့တာပဲ
သျှားကို မတောင်းဆိုသင့်ဘူး
ဂျိမ်း ကိုသတ်ပေးဖို့မတောင်းဆိုခဲ့သင့်ဘူး
သျှားဆိုတာ ဒေဝီနွယ့်စကားတစ်ခွန်းနဲ့ ဥပဒေ တည်မဲ့
လူသား.....

အကယ်၍ များ ........ အကယ်၍များ
သျှားသာထောင်ကျခဲ့ရင်..... သူလောကကြီးမှာ
ဒီကလေးတစ်ယောက်နဲ့ဘယ်လိုရပ်တည်နိုင်မလဲ
သူမှားပြီ..... 

သူမှီနိုင်ဖို့ အချိန်မှီတားနိုင်ဖို့ သူဆုတောင်းရမည်
သျှား သူ ဘယ်ကိုသွားတာလဲ
အား !!! သူမသိတော့ဘူး
သူ့ဦးနှောက်တွေကဗလာနတ္တိ ဖြစ်နေပြီ
နောက်ဆုံးပြုံးပြသွားတဲ့ သူအပြုံးကမျက်လုံးထဲ
ထပ်မံ၍ပေါ်လာလေ သူရူးချင်လာလေ....

"နင်ခနလောက်နားလိုက်အုံး နင်နိုးလာရင်
အရာအားလုံးကအေးချမ်းနေလိမ့်မယ်.... "

ကားကလည်းသျှား ယူသွားတာမို့
လမ်းမထက်ကိုပြေးထွက်လာခဲ့သည်...
တက္ကစီတစ်စီးကိုတားလိုက်ပြီး ကားပေါ်ကိုအလျင်စလိုတက်လိုက်ပြီးမှသတိရတာက သူဘယ်ကိုလိုက်ရမှာလဲ...

"သမီးလေးဘယ်ကိုသွားမှာလဲ... "

Driver ဦးလေးကြီးရဲ့ထပ်ခါထပ်ခါအမေးစကားက
သူ့ကိုပိုတွန်းအားဖြစ်စေသည်...
တတိတိကိုက်ထားသော လက်မတွေတောင်သွေးစို့
နေပြီ...

အိမ်..ဟုတ်တယ်... ဂျိမ်းရဲ့အိမ်ကိုလိုက်ရမည်...

ကားတွေကလည်းဒီနေ့ကျမှပိုပိတ်နေသလိုပင်
ဘုရားသကြားမလို့ သျှားကို..သူတားနိုင်ပါစေ...

မြင်နေရတဲ့ခြံဝန်းကျယ်ကျယ်က ခန်းနားထည်ဝါမှု
တွေနဲ့ပြည့်စုံနေပေမယ့် သူ့အတွက်တော့
စက်ဆုပ်စရာငရဲခန်းတစ်ခုအပြင်မပိုခဲ့
သူမဒီအိမ်ကိုနောက်တစ်ခေါက်ရောက်လာရပြန်သည်

ဖွင့်လျက်ဖြစ်နေတဲ့ခြံတံခါးထဲ အပြေးဝင်သွားလိုက်သည်

တိတ်ဆိတ်နေတဲ့အိမ်ကြီးက အပ်ကျသံမျှပင်မကြားရ
ဒေဝီနွယ် အပေါ်ထပ်ကိုပြေးတက်သွားခဲ့သည်...

"အားးး!!!"

အခန်းတစ်ခန်းထဲမှအသံနက်ကြီးနှင့်အော်လိုက်သောအသံကသူမရဲ့စိတ်ကိုအစပေါင်းထောင်သောင်းမက
ပူပန်လာစေမိသည်

Killer....(Z+U)Where stories live. Discover now