(6)

3.7K 347 7
                                    

"ငါ ဂျိမ်း နဲ့တွဲနေပြီ သျှား "

ဘာမှမဖြစ်သလိုပေါ့ပေါ့ပါးပါးပြောလိုက်တဲ့
သူမရဲ့စကားသံတိုးတိုးက.... သျှားရဲ့စိတ်အစုံကို
တုန်လှုပ်စေခဲ့သည်...နောက်ဆုံးအချိန်အထိသူမ
သျှားစကားကိုနားမထောင်ခဲ့ပါ......
သူမ မမှားပါ... မျှော်လင့်မိတဲ့ သျှားသာမှားခဲ့သည်

"အရင်လိုပဲလား.... "

သျှားရဲ့စကားသံတွေအေးစက်သလို ဖြစ်ကောင်းဖြစ်
နေလိမ့်မယ်.. သျှားရူးမတက်နာကျင်နေတာကိုတော့
သျှားကလွဲပြီးဘယ်သူမှသိနိုင်မှာမဟုတ်ပေ...

'အရင်လိုပဲလား 'ဆိုတဲ့အမေးဝါကျတစ်ကြောင်းမှာ
'အရင်လိုပါပဲ 'ဆိုတဲ့စကားသံလေးကြားရဖို့မျှော်လင့်ချက်တစ်စုံတစ်ရာပါခဲ့ပါလျှင်...
ထိုမျှော်လင့်ချက်အား....

"ငါမသေချာဘူး....."

ဟုလေးနက်တဲ့သူမစကားသံကရိုက်ချိုးခဲ့သည်....
ဘယ်အရာကမသေချာတာလဲ....

သူမရဲ့ဆုံးဖြတ်ချက်တွေကဦးတည်ရာမရှိဘူး
သျှားရဲ့ဆုံးဖြတ်ချက်တွေကတော့....
"ဒေဝီနွယ်ရဲ့ပျော်ရွှင်မှု "ဆိုတဲ့လားရာကိုဦးတည်တယ်.
ဒေဝီနွယ်ဟာ အတ္တကြီးသူဆိုလျှင် သျှားမေဟာ
ရူးမိုက်သူပဲ.........

"နင်သူ့ကို သဘောကျတာလား
ကြိုက်တာလား ချစ်တာလား...... "

သျှားမေရဲ့မေးခွန်းက သာမန်လူတစ်ယောက်အတွက်
ရူးကြောင်ကြောင်နိုင်တဲ့မေးခွန်းတစ်ခုဖြစ်ကောင်းဖြစ်
နေလိမ့်မယ်...

ချစ်တယ် ကြိုက်တယ် သဘောကျတယ် ဘာကွာလို့လဲလို့ထင်ကောင်းထင်နိုင်ပေမယ့်
လေးနက်မှုရဲ့အဓိပ္ပါယ်အလိုက် သျှားမေရဲ့နာကျင်မှု
ကထပ်တူညီနိုင်သည်....

"ဘာကွာခြားလို့လဲ..."

"ကွာတာပေါ့ ဒေဝီ....သဘောကျတယ်ဆိုတာက
နင်က အဲ့အရာကိုစိတ်ဝင်စားရုံသက်သက်တစ်ခုပဲ
ကြိုက်တာကတော့ သဘောကျတာထက်ပိုတဲ့ခံစားချက် ချစ်တယ်ဆိုတာကတော့ လေးနက်မှုရဲ့သင်္ကေတ
တစ်ခုပဲ အဲ့လူတစ်ယောက်ကိုချစ်တယ်.. နင်သူ့ကိုပိုင်
ဆိုင်ချင်တယ်....နင့်ဘဝရဲ့အရာအားလုံးကိုအပိုင်ပေး
ချင်တဲ့အထိပေါ့..... "

Killer....(Z+U)Donde viven las historias. Descúbrelo ahora