ဂျိမ်း! !!!
အချိန်အခါမဟုတ်ရွာသွန်းတဲ့မိုးတွေကို
သျှားမေ မုန်းပါသည်......
ထိုမိုးတွေကကောင်းသောအရာတွေကိုသယ်ဆောင်လာလေ့မရှိ အထူးသဖြင့် အခုလိုနွေရာသီမှာ
ရွာတဲ့မိုး....ညနေ ၅ နာရီလောက်ကတည်းက သည်းသည်းထန်ထန်ရွာနေသည့်မိုးကအခု ည၈ နာရီထိုးတော့မည်
မတိတ်နိုင်သည့်အပြင် ပိုပြီးသည်းလာသည်.....ဒေဝီကလည်းပြန်မလာသေးပါ
မနက်ကတည်းက လင်းလဲ့နဲ့သွားတွေ့မယ်ဆိုပြီး
ထွက်သွားတာ အခုထိလည်းပြန်မလာသေး
သျှားမေလိုက်မယ်ပြောတော့လည်း
မလိုက်ပါနဲ့ တဲ့..... ဖုန်းဆက်လို့လည်းမကိုင်
သျှားမေစိတ်ပူနေလေပြီ......လင်းလဲ့? ဟုတ်တယ် သူ လင်းလဲ့ကိုဖုန်းဆက်လို့ရတာ
ပဲ....."တီ... တီ.....တီ....."
"ဟဲလို... သျှားမေပြော "
"ဒေဝီရော.. ဒေဝီပြန်သွားပြီလား "
"နင်ဘာတွေပြောနေတာလဲသျှားရယ် နင့်မိန်းမက
နင့်အနားမှာရှိရမှာလေ ဘာလို့ငါ့ကိုလာမေးနေတာလဲ"လင်းလဲ့ရဲ့အသံမှာလည်း လိမ်နေသည့်ပုံမပေါ်
အဲ့တာဆို ဒေဝီကသူ့ကိုဘာလို့လိမ်ခဲ့တာလဲ.....
အခုရောဘယ်ရောက်နေတာလဲ...."နင်..နင် ... ငါ့ကိုမစပါနဲ့ဟာ
ဒေဝီကနင်နဲ့တွေ့မယ်ဆိုပြီးထွက်သွားတာဟ ""ဟင် ငါနဲ့လည်းမချိန်းထားပါဘူး
အခုထိမပြန်လာသေးတာလား ""သူ.. သူ..အ..အဆင်ပြေပါ့မလား
မိုးတွေကအရမ်းရွာနေတာ ဆက်သွယ်လို့လည်းမရ
ဘူး.. သူတစ်ခုခု.. တစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ... ငါ.. ငါ..ရူးလိမ့်မယ်... လုပ်ပါအုံး.. လင်းလဲ့
သူ့ကိုရှာပေးပါဟာ... "တစ်ကိုယ်လုံးလဲတုန်ယင်နေပြီး
မျက်ရည်တွေကထိန်းမနိုင်သိမ်းမရ..
အခုသူ့စိတ်ထဲမှာဘာမှမတွေးနိုင်တော့ဘူး
သူသိတာဒေဝီနွယ်... ဒေဝီနွယ်ဆိုတဲ့အမည်နာမကလွဲ
ရင်ကျန်တာသူဘာမှတွေးလို့မရတော့ဘူးမိုးရွာထဲသူပြေးထွက်ခဲ့သည်
မိုးရေစက်တွေအရှိန်အဟုန်ပြင်းပြင်းရွာကျနေတဲ့
လမ်းမပေါ် အရူးတစ်ယောက်လို ပြေးလွှားနေတဲ့
မိန်းမငယ်လေးတစ်ယောက်...
မိုးရေစက်တွေကအေးစက်ပေမယ့်
သူမမျက်နှာပေါ်က မျက်ရည်တွေကနွေးနေခဲ့သည်
![](https://img.wattpad.com/cover/202428820-288-k526645.jpg)
YOU ARE READING
Killer....(Z+U)
Romanceကျွန်မတို့တွေက ကိုယ့်နှလုံးသားကိုယ်ပြန်သတ်ကြသည်.... ကျွန်မတို့တွေက ကိုယ့်နှလုံးသားကိုယ်ပြန်သတ်ကြသည်.... Girl ×Girl #moonlight