(8)

3.9K 366 16
                                    

သူကနေမကောင်းဖြစ်တိုင်း
သျှားမေပြုတ်ပေးတဲ့ကြက်သားဆန်ပြုတ်ပူပူလေးကို
သောက်နေကျ... အချိုအစိမ့်တွေမပါဘဲ
ကြက်သားဆန်ပြုတ်ပူပူလေးထဲငရုပ်ကောင်းလေး
ထည့်ပြီးစားရတဲ့အရသာက နေမကောင်းတဲ့သူ့အတွက်အကောင်းဆုံးဆေးဝါးဖြစ်ခဲ့တယ်...

အခုတော့သျှားမေကြက်သားဆန်ပြုတ်ထည့်ထားတဲ့
ချိုင့်လေးဆွဲပြီး ဆေးရုံကိုအမြန်ပြန်လာခဲ့တယ်
သူဗိုက်ဆာနေတော့မှာ အဆာလွန်လို့မဖြစ်ဘူး

"ငါ့ကိုနမ်းပါ.."

ကိုယ့်အတွေးနဲ့ကိုယ်လာနေရင်းတံခါးဖွင့်သံနောက်
မှာကပ်ပါလာတဲ့အသံက ခြေလှမ်းတို့ကိုရပ်တန့်စေခဲ့သည်... မဖြစ်နိုင်လောက်ပါဘူးဆိုတဲ့အတွေးနဲ့
ကြည့်မိလိုက်တော့ ကုတင်ထက်မွန်းသိပ်စွာနမ်းနေကြ
တဲ့ သျှားမေသိပ်ချစ်ရတဲ့သူမနဲ့ သူမရဲ့... သူမရဲ့ ..

ဟားးးး နောက်ဆုံးအချိန်အထိကံကြမ္မာကသူ့ဘက်မှာမရှိခဲ့

စီးကျလာသောမျက်ရည်တို့ကနာကျင်ခြင်းအတွက်
သက်သေဖြစ်ခဲ့လျှင်  ထိုသက်သေနှင့် သျှားမေရဲ့နှလုံးသားသေမိန့်ကျသည်

သျှားမေဆိုတဲ့ဖြစ်တည်မှုကသူ့အတွက်စိတ်အနှောက်အယှက်မဖြစ်စေရပါ...
ကြက်သားဆန်ပြုတ်ချိုင့်လေးကိုကျစ်ကျစ်ပါအောင်
ကိုင်ပြီး ဆေးရုံဝရံတာကိုထွက်လာခဲ့သည်...

ညအချိန်မှာ ဆေးရုံဝရံတာထက်ကတစ်ယောက်
သောသူရဲ့ နာကျင်စွာငိုကြွေးသံက အထီးကျန်ဆန်လှ
သည်....... သူမရဲ့နာကျင်မှုတွေကို ရပ်တန့်ပေးရင်
ကောင်းမည်....

တစ်နာရီလောက်ကြာသည့်အခါ မျက်ရည်တို့ကို
သုတ်ပြီးအပြုံးလေးတစ်ခုကိုချိတ်ဆွဲကာ သူမအခန်းဆီသို့ပြန်လာခဲ့သည်....သူဗိုက်ဆာနေတော့မှာ

"နင်နောက်ကျလိုက်တာ... "

"အင်းးးး ကားပိတ်နေလို့ပါဟ... "

သူမအသံတွေတုန်ကောင်းတုန်နေလိမ့်မည်
သူမဆိုတာဟန်ဆောင်ကောင်းသည့်အထဲတွင်မပါ

"နင်မျက်လုံးတွေရဲနေတယ်သျှား.... ငိုထားတာလား "

"မဟုတ်ပါဘူးဟ... မျက်လုံးနာနေတာ "

Killer....(Z+U)Onde histórias criam vida. Descubra agora