Special part for my baby

2.7K 218 15
                                    

ချမ်းအေးလွန်းတဲ့မနက်ခင်းတစ်ခု
ဆောင်းရာသီပင်တစ်ပတ်ပြန်လည်လေပြီ
အခုဆိုရင် သူနဲ့ဒေဝီ လက်ထပ်ထားတာပင်
ငါးနှစ်ကျော်ပြီ....ကတောက်ကဆဖြစ်တာကလည်း
ခနခနပင် ကတောက်ကဆဖြစ်ရခြင်းရဲ့အကြောင်းအရင်းအများစုကမယ်မယ်ရရမရှိ သူများကြားရင်ရီချင်စရာပင်...

သျှားမေက သူများကိုရီပြလို့
သျှားမေက မျက်မှန်ပါဝါတိုးသွားလို့
သျှားမေက အလုပ်ကိုအလှပြင်သွားလို့
သျှားမေက အချစ်အလွမ်းသီချင်းခပ်ဆွေးဆွေးလေးငြီးမိလို့

အများစုက သျှားမေကိုသဝန်တိုပြီးဒေဝီရဲ့
တဗြစ်တောက်တောက်ပြောဆိုမှုတွေကြောင့်

လူတိုင်းသိခဲ့တဲ့အသိ မှတ်ဥာဏ်တွေထဲမှာ
ဒေဝီနွယ်ရဲ့သဝန်တိုမှုဆိုတာဝေဝေဝါးဝါး
သို့ပေမယ့် လွန်ခဲ့တဲ့နှစ်တွေကစပြီး ဒေဝီနွယ်က
အရမ်းသဝန်တိုလာခဲ့တယ်

သျှားမေအပေါ်အသေးအမွှားပြောင်းလဲမှုတွေကအစ
သတိထားပြီးပေါက်ပေါက်ဖောက်နေတတ်တာ
အသက်ကလေးကြည့်တော့ 29
ကျော်ကျော်လေးရှိသေး...အရင်တုန်းကသျှားမေ
သဝန်တိုတတ်တယ် ဆိုတာ အခုဒေဝီ သဝန်တိုတာကို
မမှီတော့ မပြောနိုင်ပါဘူးလေ သျှားမေသဝန်တိုချိန်မရှိတော့လောက်အောင်ဒေဝီပဲ
သဝန်တိုနေတာမို့လို့လဲဖြစ်တန်ကောင်းပါရဲ့
ဘာပဲဖြစ်ဖြစ်ပါ သျှားမေဒီဘဝမှာအတော့်ကိုနေသားတကျဖြစ်နေပါပြီ

မနေ့ညကအဖြစ်အပျက်ကြောင့်သျှားမေရဲ့ဘေးနားကအိပ်ရာလေးကတော့နေရာလွတ်ပြီးအေးစက်စက်
အိပ်စက်သူမဲ့နေလို့ဖြစ်ပါလိမ့်မည်
တစ်ညလုံးမအိပ်ခဲ့တဲ့မျက်ဝန်းတို့ကိုအနားပေးဖို့ရာ
မျက်လုံးမှိတ်လိုက်ပြန်တော့လဲ နှုတ်ခမ်းကိုပြတ်မထွက်ကိုက်ပြီးသူ့အားကြည့်နေခဲ့သောစူးစူးရဲရဲမျက်ဝန်းတစ်စုံကြောင့်
သက်ပြင်းခပ်ရှည်ရှည်ချလိုက်ကာ
သမီးလေးအခန်းရှေ့မလည်မဝယ်သွားလျှောက်ကြည့်
လိုက် အခန်းထဲပြန်ဝင်ပြီးလှဲလိုက်နှင့် မနက်လေးနာရီပင်ထိုးလုနေပြီ...

နောက်ဆုံးစိတ်ဆုံးဖြတ်ကာ သမီးလေးအခန်းထဲ
ခြေသံဖျော့ဖျော့နှင့်ဝင်သွားတော့ သမီးလေးကိုဖတ်ပြီး
မျက်လုံးမှိတ်ထားတဲ့ဒေဝီ... တကယ်ပါပဲ သူဟာလေ
ဟန်မဆောင်တတ်ပါပဲ အိပ်ချင်ယောင်ဆောင်နေပြန်
ပါပြီ...

Killer....(Z+U)Where stories live. Discover now