(13)

4.2K 313 21
                                    

"နင်ဘာတွေလုပ်နေတာလဲဒေဝီ "

အိမ်ကိုပြန်ရောက်ကတည်းက သွေးပျက်နေတဲ့
လူတစ်ယောက်လိုပစ္စည်းတွေကိုသိမ်းဆည်းနေတဲ့
ဒေဝီနွယ်

"ထွက်ပြေးကြမယ် သျှား... ငါတို့ထွက်ပြေးရအောင်"

သူတို့ထွက်ပြေးမှရမည် မဟုတ်ရင်....
မဟုတ်ရင်သျှားမေထောင်ကျလိမ့်မည်....
သူအဲ့လိုအဖြစ်မခံနိုင်ပါ... သူတို့မလိုက်နိုင်သည့်
မြန်မာနိုင်ငံနှင့်အဝေးဆုံးကိုသူတို့ထွက်ပြေးကြမည်

"နေအုံးဒေဝီ... နင်စိတ်အေးအေးထားစမ်း
ငါ့ကိုကြည့် "

"ဟင့်အင်း.. မရဘူးသျှား.. ငါ..ငါနင်နဲ့...နင်နဲ့..."

"တော်တော့ဒေဝီနွယ်... နင်ငါ့ကိုကြည့်စမ်း "

ဦးတည်ချက်မဲ့နေတဲ့ဒေဝီနွယ်ရဲ့မျက်ဝန်းတွေက
ဂယောင်ခြောက်ခြား ဖြစ်နေသည်....
ခုနကမြင်ကွင်းကသူမကိုသွေးပျက်စေခဲ့သည်ထင်
သည်.... သျှားမေ ဒေဝီနွယ်ရဲ့ပုခုံးကိုတင်းတင်းကျပ်
ကျပ်ဆုပ်ကိုင်ကာမျက်လုံးချင်းစုံစေသည်...

"နင်သိတဲ့သျှားမေက တာဝန်မဲ့တဲ့လူလား "

"မဟုတ်ဘူး... တာဝန်ယူတတ်တဲ့လူမို့...
အမှားတစ်ခုကိုတာဝန်ယူတတ်တဲ့လူဖြစ်နေလို့
နင့်ကိုငါ့အနားကဆွဲခေါ်သွားကြမှာငါကြောက်လို့...
အဲ့တာကြောင့်...အဲ့တာကြောင့်......"

မျက်ရည်များဖြင့်ရွဲနေသည့်ဒေဝီနွယ်ရဲ့မျက်နှာလေး
ကိုရင်ခွင်ထဲထွေးပွေ့ကာ ခေါင်းလုံးလုံးလေးထက်က
ဆံသားနုနုတို့ကိုနမ်းရှိုက်မိသည်.....

ရင်ခွင်ထဲကကိုယ်လေးကတော့တသိမ့်သိမ့်ရှိုက်လျက်ရှိသည်..... သူဟာလေသိပ်ကိုအားငယ်တတ်တယ်

"ငါ့ကိုယုံပါဒေဝီ... ငါနင့်အနားက ထွက်သွားမှာ
မဟုတ်ဘူး...."

ရင်ခွင်ထဲကခေါင်းလုံးလုံးလေးက
မော်ကြည့်လာသည်... ဝန်ခံပါသည်
မျက်ရည်တွေနဲ့သူမရဲ့မျက်ဝန်းတွေကသိပ်ကိုလှဆဲပင်ဖြစ်သည်...

"တောင်းပန်ပါတယ် သျှား.. ငါ့ကြောင့်ပါ
အစကတည်းကငါမှားခဲ့တာသျှား"

"နင်မမှားဘူးဒေဝီ... နင်ကငါ့အတွက်အမြဲတမ်းမှန်
နေမယ့်အမှန်တရားပဲ..."

Killer....(Z+U)Where stories live. Discover now