(3)

4.3K 367 13
                                    

"ဒါကဘယ်လဲ..ဒေဝီ "

"ချိန်းထားတာရှိလို့..ဟီးး"

အလုပ်ကပြန်ပြန်လာခြင်း သူမအခန်းထဲဝင်ကြည့်မိ
တော့ အလှပြင်နေသော သူမကထူးဆန်းသည်..
ပုံမှန်ဆိုလျှင် night out မထွက်တတ်သောသူမက
အခု ညနေ6 နာရီထိုးနေပြီ....အပြင်ထွက်ဖို့ပြင်နေ
သည်...သူမဘယ်သူနဲ့သွားတွေ့မှာလဲ..မဟုတ်မှ...

"ဂျိမ်းနဲ့သွားတွေ့ဖို့မလား... "

"တကယ်ပါပဲ..နင့်ကိုဘာမှကိုလိမ်လို့မရပါလား "

"နင့်ကိုငါတားချင်တယ်ဒေဝီ..ရှေ့ဆက်မတိုးပါနဲ့တော့လား.."

"ဘာလို့လဲသျှားရယ်... သူကငါ့အရုပ်သက်သက်ပါဟ"

"ငါအခုလိုတွေပြောနေရတာလည်း နင့်ကိုစိတ်ပူလို့..
နင်နားလည်လား "

"ငါနားလည်ပါတယ်ဟာ... နင်သိတယ်မလား
နင်ကသာငါ့အတွက်အကောင်းဆုံးဆိုတာ..Hum.."

ခါးကိုဖက်ကာ သျှားမေရဲ့ ပုခုံးပေါ်ခေါင်းလေးတင်ကာ
ပြောနေသော ဒေဝီနွယ့် မျက်ဝန်းတွေက လိမ်နေဟန်
မရှိ...သူမရဲ့အချစ်က ပင်လယ်တွေလိုပဲ..
ပြောင်းလဲမြန်တယ်..ခန့်မှန်းရခက်တယ်..
မာယာများတယ်.....ပြီးတော့
အန္တရာယ်လည်းများတယ်.......

"အဲ့တာဆိုရင်..နင်ရီးစားတွေထပ်မထားပါနဲ့တော့လား
နင်လိုအပ်တာတွေငါဖြည့်ဆည်းပေးမယ်..နင်ကစားဖို့
အတွက်အရုပ်တစ်ရုပ်လည်းဖြစ်ပေးမယ်...
နင်ဆိုးသမျှလည်းပိုခံပေးမယ်....နင်ကငါ့မျက်နှာတစ်
ခုတည်းကိုကြည့်နေရင်ဖြစ်တယ်....
ငါ့ရင်ခွင်တစ်ခုမှာသာခိုလှုံနေရင်ငါ့အတွက်လုံလောက်
ပြီဒေဝီ..ဟင်.. အဲ့လိုနေဖို့ကြိုးစားကြည့်ပါလား. "

တစ်ခုတည်းသောဆန္ဒတစ်ခုက သိပ်ကိုကြီးလေးစေခဲ့
လေသလား...

"နင်ငါ့ကို ဂျိမ်းနဲ့သဝန်တိုနေတာလား သျှား "

စိတ်ရှုပ်ဟန်လေသံနဲ့ပြောလာတဲ့သူမ

"အေးဟုတ်တယ်..သဝန်တိုတယ်..
သဝန်တိုရလွန်းလို့ရူးတော့မှာ..စိတ်ပူရလွန်းလို့လဲ
သေမတတ်ပဲ... နင်သူ့အကြောင်းဘယ်လောက်သိလို့လဲ...ဂျိမ်းဆိုတဲ့အကောင်က နင့်ဘဝကိုပျက်စီးစေ
နိုင်တယ် ... တကယ်လို့များ နင်သူ့ကိုတကယ်ချစ်သွား
ရင်.. ငါ့ထက်ပိုပြီး...ချစ်မိသွားခဲ့ရင်ဆိုတဲ့အတွေးတွေ
ကတစ်နေ့တစ်နေ့ငါ့ကိုသတ်နေတယ်ဆိုတာရော...
နင်သိလို့လား.....ဘာလို့လဲ..ဘာလို့...ငါ့နေရာမှာ
မတွေးခဲ့တာလဲ..ငါနင့်ကိုသဝန်တိုခွင့်တောင်မရှိဘူး
လား....."

Killer....(Z+U)Where stories live. Discover now