final

6.3K 378 28
                                    

"နိုးနိုး နင်တော်တော်ပြောမရဆိုမရဖြစ်နေတာလား
လာစမ်းအခု "

"မားမားကလည်း နိုးနိုးဘာလုပ်လို့လဲ "

"နင်ငါ့ကိုပြန်ခံပြောနေတာလားဟမ်
အခုမှ4 နှစ်ပဲရှိသေးတယ် ပြန်ခံပြောတတ်နေပြီ
နင်ငါနဲ့တွေ့မယ် အခုလာစမ်း "

"ပါး ရေ ပါးရေ နိုးနိုးကိုကယ်ပါအုံး
မားမား နိုးနိုးကိုရိုက်နေတယ် အူးးးဝါးးး"

LA မြို့ ၏ ရေခဲတစ်မျှအေးလှသော
ဆောင်းရာသီနံနက်ခင်းတစ်ခုဖြစ်သည်
ပြီးတော့မရိုးနိုင်သော သားအမိနှစ်ဦး၏
ရန်ပွဲဖြစ်လင့်ကစား အိမ်ထောင်ဦးစီးသက်ထားကလျာ
သျှားမေတစ်ယောက်ကသောင်းကနင်းဖြင့်
ထိုရန်ပွဲထဲဝင်ပါရပေအုံးမည်ဖြစ်သည်

"ဒေဝီ တော်ပါတော့ဟာ ကလေးကိုဘာလို့ရိုက်နေပြန်
ပြီလဲ လာ နိုးနိုး ပါးဆီလာ"

နိုးနိုး၏အော်သံကြောင့် ကုတင်ပေါ်မှ ငေါက်ခနဲထကာ
အိမ်ရှေ့ခန်းကိုပြေးထွက်လိုက်တော့
ထမင်းစားပွဲခုံကိုပတ်ပြေးနေသော နိုးနိုး နှင့်
အနောက်က ကြက်မွေးတုတ်ဖြင့်လိုက်နေသော
ဒေဝီနွယ်....

နာရီကိုကြည့်လိုက်မိတော့ အခုမှ မနက်6 နာရီ
သူတို့သားအမိဟာလေ အချိန်ကိုမှန်နေရောပဲ

ဒေဝီနွယ့်ကိုတားပြီးသမီးလေးကိုသျှားမေခေါ်လိုက်သည်
ရင်ခွင်ထဲလုံးနေအောင်ပြေးဝင်လာတဲ့သမီးလေးကို
မချီကာ အနမ်းတစ်ပွင့်ပါးတစ်ဖက်ဆီသို့ ပေးလိုက်
သည်

"ပါး ရေ မားကလေ နိုးနိုးကို ရိုက်နေတယ်
အူးးးဝါးးးး "

စကားကိုတီတီတာတာပြောတတ်တဲ့သမီးလေးက
သျှားမေလက်ပေါ်ရောက်တာနဲ့ နှုတ်ခမ်းလေးကိုထော်
ကာမျက်ရည်လေးဝဲတဲတဲနှင့်တိုင်ရှာသည်

"နိုးနိုး နင့်ကို ငါရိုက်ရသေးလို့လား
နင်ကပဲဦးအောင်တိုင်ရတယ်ရှိသေး
နင်လာခဲ့စမ်းအခု "

"ဒေဝီတော်တော့လို့ငါပြောနေတယ်လေ
ကလေးကိုမရိုက်ပါနဲ့လို့ငါမပြောဘူးလား
ကလေးကိုရိုက်တာငါမကြိုက်ဘူးနော်ဒေဝီနွယ် "

နိုးနိုးကိုရင်ခွင်ထဲပွေ့ကာ မျက်ရည်လေးတွေကိုသုတ်ပေးနေတဲ့သျှားမေတို့ပုံစံဟာ သားပိုက်ကောင်သားအမိ
နှင့်ပင်တူလှသည်....

Killer....(Z+U)Where stories live. Discover now