(2)

4.8K 410 9
                                    

ကြက်သွေးရောင်ဒူးအထက်ဂါဝန်နဲ့
ဒေါက်ဖိနပ်နီနီ..နှုတ်ခမ်းဖူးဖူးတို့ထက်နေရာယူထား
သည့် နှုတ်ခမ်းနီရဲရဲတို့သည် ပုရိသတို့အတုန်းအရုန်း
ကျရှုံးစေသည့်လက်နက်တစ်ခု..
ရွှေအိုရောင်ဆံနွယ်တို့ကိုကပိုကရိုထုံးထားသည့်တိုင်
သူမအလှသည် ပြိုင်စံရှားသည်....

ပြီးစီးသွားသည့် design ကို လာတင်ပြီးလျှင်
သူမကိုတစ်နေ့တာအတွက်အချိန်ပေးရအုံးမည်..

ရုံးထဲသို့လက်တွဲဝင်လာသည့် ခပ်မိုက်မိုက်ကောင်မ
လေးနှစ်ယောက် ကြောင့် ရုံးထဲရှိလူအများ၏အာရုံ
ကသူမတို့ဆီမှာ...

ဂျင်းနက်ပြာအရှည်ကိုရှပ်အင်္ကျီအပြာနုနှင့်ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့်ကောင်မလေးက သူတို့အလုပ်ရဲ့အားအထားရဆုံး designer...

သူမဘေးနားကကောင်မလေးကတော့..
သူ့သူငယ်ချင်းဖြစ်ဟန်တူသည်
သူတို့သူငယ်ချင်းနှစ်ယောက်တစ်ကယ်လှပါ
သည်...

"အပြင်မှာစောင့်နေမလား လိုက်ဝင်မလား."

"ရတယ်အပြင်မှာပဲစောင့်နေမယ်.. "

"အဲ့တာဆိုလည်းဘယ်မှလျှောက်သွားမနေနဲ့..
လမ်းပျောက်မယ်.. "

"ငါက ကလေးလား သျှားရယ် "

"အေး ကလေးထက်ဆိုးတယ်..ကလေးဆိုရင်တောင်
ရိုက်လို့ရသေးတယ် "

"ဟုတ်ပါပြီ အဖွားကြီးရယ် ဝင်ပါတော့.. "

တံခါးကိုဖွင့်ပြီးအထဲကိုအတင်းထိုးထည့်မှပဲ သူအထဲ
ရောက်တော့သည်...စိတ်ပူတတ်တာလဲသူ့အပြင်မရှိ
ဘူး...ထူးဆန်းသည်..သူမနေရာမှာသာအခြား
ကောင်လေးတစ်ယောက် ဆိုလျှင် သူမငြီးငွေ့နေလိမ့်
မည်...အခုတော့ ရုံးထဲတစ်ပတ်ပတ်ကြည့်လိုက်အုံးမည်...

သျှားတို့ရုံးက အကြီးစားမဟုတ်ပေမယ့် အလယ်အလတ်ထဲတွင်ပါသည်...အိမ်အတွင်းပိုင်းအပြင်ပိုင်း
Design တွေအတွက်သျှားတို့ရုံးကနာမည်ကြီးသည်.

ဒေဝီလမ်းလျှောက်နေရင်း ရုတ်တရက်ခြေချော်ကျ
ခဲ့သည်.. သို့သော် ကြမ်းပြင်ပေါ်သို့ကျမသွားသည့်အ
တွက်မှိတ်ထားသောမျက်လုံးအစုံတို့ကိုဖွင့်ကြည့်မိ
လိုက်သည်...ကောင်လေးတစ်ယောက်ကသူ့ကို
ထိန်းကိုင်ထားသည်..သူ့ရဲ့ခပ်ထေ့ထေ့အပြုံးက မိုက်
သည်... သူ့ပုံစံကိုကြည့်ရတာတော့ရုံးဝန်ထမ်းမဟုတ်
လောက်ပေ...အထက်တန်းကျကျ ကောင်လေးတစ်
ယောက်ရဲ့အပြင်အဆင်ရှိသည်..

Killer....(Z+U)Where stories live. Discover now