1 - Never Change ( Unicode )

1.7K 67 2
                                    

ကုတင်ခေါင်းရင်းဘေးက စားပွဲခုံအပုလေးပေါ်မှာ တခြမ်းစီဆက်ထားတဲ့ ဂီယာလေးနှစ်ခု ....

မနက်ရောက်လို့နေရောင်ခြည်က မီးခိုးရောင်လိုက်ကာစတွေကိုဖောက်ပီး အခန်းထဲကိုဝင်လာပေမယ့် ကုတင်ပေါ်မှာ အိပ်နေတဲ့လူသားနှစ်ယောက် ကတော့ တုတ်တုတ်မျှပင် မလှုပ်ကြ။

စာကြည့်စားပွဲခုံအရှည်ပေါ်မှာ စာရင်းစာရွက်တွေက အပုံလိုက် ... ဒါပေမယ့်လက်ရေးလှလှလေးတွေနဲ့ ရေးထားတဲ့နုတ်တွေရယ် ဖတ်စာအုပ်တွေက စာရင်းစာရွက်တွေနားမှာ ညီညီစီလို့...

တယောက်စာကွန်ဒိုခန်းလေးဆိုပေမယ့် တယောက်အိပ်ခန်းတယောက်လိုက်အိပ်ဖြစ်နေကြတဲ့ ထိူလူသားနှစ်ယောက်အတွက် သူတို့အခန်းလေးတွေက ဘယ်သူ့ကိုမှကြည့်စရာ
မလိုတဲ့ဘာဟန်ဆောင်မှုတခုမှမလိုဘဲ စိတ်ထဲ
ရှိတဲ့အတိုင်းနေလို့ရတဲ့သီးသန့်နေရာလေးတွေ
မလား ?

နေသားကျနေတဲ့အခန်းလေးရဲ့အဝတ်ဗီဒိုထဲမှာ ရုံးတက်ရင်ဝတ်တဲ့ ရှပ်အကျီရောင်စုံတွေအပြင် Hazer Coat တွေပါနေရာယူလျှက် ..

ဝရံတာက အကျီချိတ်တွေမှာလည်း နှစ်ယောက်လုံးရဲ ့အကျီတွေကပါ ကပ်ရပ်သား

လေတိုက်လာတာနဲ့အတူ လိုက်ကာစလေး
လွင့်သွားရင်း နေရောင်ခြည်က အသားညိုညို
ကောင်လေးရဲ ့ရင်ဘတ်ထဲ တိုးဝင်ရင်း
အိပ်နေတဲ့ ကလေးမျက်နှာလေးနဲ့တယောက်
မျက်နှာကို တိုက်ရိုက်သွားဟပ်တယ် ...

အလင်းစူးလို့ရံှ ု့တွသွားတဲ့ မျက်နှာလေးက ချစ်စရာ .. ဒါပေမယ့် အဲ့မျက်နှာလေးကို အိပ်ပျော်နေတဲ့ ကောင်လေးကတော့ မမြင်လိုက်ရ။

" ဟင်း .... "

ရင်ဘတ်ထဲ တိုးဝင်အိပ်နေရာကနေ နေရောင်ခြည်ဒဏ်ကြောင့် အိပ်ရေးပျက်လို့ထင့် ... နံရံရှိတဲ့ဘက်အခြမ်းကို
လှည့်အိပ်သွားတော့မှအိပ်နေတဲ့ကောင်လေးက လှုပ်လှုပ်ရှားရှားနိုးလာတယ်။

" P' ... "

" Kong ... ဝရံတာ တံခါးသွားပိတ်ပေးပါကွာ .. ငါ အိပ်လို့မရဘူး "

Kong က တဖက်လှည့်အိပ်နေတဲ့
ကောင်လေးဆီက ညီးညူသံ ထွက်လာတော့ ခပ်မြန်မြန်တံခါးထပိတ်ရင်း အလင်း
ထပ်မဝင်အောင် လိုက်ကာတွေကိုပါ သေချာဆွဲပိတ်လာလိုက်တယ်။

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now