13 - I am your Boss ( Unicode )

1.3K 71 6
                                    


" ဟေ့ !!! မင်း လာလာအန်ပြန်ပြီလား !! ငါတော့ စိတ်ညစ်တာပါပဲ။ ငါ့ဆိုင်က တဖြည်းဖြည်းနဲ့ အန်ဖတ် စက်ရုံဖွင့်လို့ရနေပြီ။ ဟေ့ !! "

ဘေစင်ကိုလက်ထောက်ပြီး တိုက်ပွဲဝင်နေတဲ့ကောင်လေးနားကို အပြေးသွားရင်း ကျောကုန်းကို ဆောင့်အောင့်သာထုပေးနေလိုက်တော့တယ်။ မတတ်နိုင် ... ဒီလိုဆိုင်ဖွင့်မှတော့ အသန့်အပြန့်ကြိုက်တဲ့ကိုယ်လည်း ဒါတွေကအစ လိုက်လုပ်ပေးရမယ့်တာဝန်ရှိလာပြီမလား ?

အင့် ! ဒါ ငါ့ဆိုင်မှာ လာလာအန်လို့

အင့် ! ဒါက ငါ့ဘေစင်ကို မရိုးရအောင် လာလာဖြည့်နေလို့

အင့် ! ဒါက ငါပဲ သူ့ကိစ္စကိုရှင်းရှင်းနေရလို့

အကောင်ပေါက်စနက အသားကုန်ထုခံနေရတာတော့ အာရုံရသေးတဲ့ပုံပဲ။ ခေါင်းထောင်လာရင်း ပိတ်ကျတော့မယ့်မျက်လုံးတွေနဲ့ ကြည့်လာပြီး လက်ညိုးတထိုးထိုးနဲ့

" ဟေ့ .. လူကြီးလား ???"

" အေး မင်းထက်ကြီးတာတော့အမှန်ပဲ "

" ဟာာာာ !! လူကြီး ... လူကြီး ! အသက်ကြီးတဲ့လူကြီးမဟုတ်ဘူး။ ဒီဆိုင်ပိုင်ရှင် မျက်လုံးမှေးမှေး အသံပြဲပြဲနဲ့ လူကြီးလားလို့မေးတာ "

အံမယ် .. ဒင်းက ... ငါ့ကို !?

" ဒီဆိုင်ပိုင်ရှင်က တရုတ်စပ်တဲ့အသားဖြူဖြူ ကြည့်ကောင်းတဲ့ Oppa စတိုင်နဲ့လို့ပဲကြားဖူးတယ်။ ငါပြောတာ ပေါက်လား !? အေး မပေါက်ရင်ပြန် "

သူ့မေးခွန်းကို ခေါင်းလာခါပြနေတော့ အမြင်ကပ်ကပ်နဲ့ ပြန်ခိုင်းလိုက်တယ်။ ဒါပေမယ့် သကောင့်သားက လုံးဝပေကပ်ကပ်

" အဲ့ Oppa ဆန်ဆန် လူကြီးကို ကျွန်တော် ပြောစရာရှိတယ်။ ခု အဲ့လူကြီးက ခင်ဗျားမလားလို့ အေ့ "

ကျိူ့တချက်ထိုးလာရင်း မေးနေတဲ့ကောင်ကို တချက်လောက် ခေါင်းကိုကျွေးလိုက်ချင်ပေမယ့် သူ သည်းခံလိုက်ရင်း

" အေး ပြော ဘာပြောမှာလဲ ? "

" ကျွန်တော့်အသည်းကို ပေးမယ်လို့ !!! ခင်ဗျား ယူလို့ !!"

" ဟမ် ? "

မဝယ်ဘူးလို့ပြောပေါင်းလည်းများပြီ ဒီေ-ာက် !! သည်းခံ Bright ... မင်းက Happy Virus အဲ့တော့ ဒီလိုအကြမ်းဖက်မှုတွေပါတဲ့ဆဲတာရိုက်တာတွေ မလုပ်ဘူး။ အင်း ... မလုပ်ဘူး။

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now