4 - Are you angry ? ( Unicode )

866 51 1
                                    



ခွပ်

" Ah .. "

ဗိုက်ကို တရှိန်ထိုးပစ်ဝင်လာတဲ့ ခြေထောက်ကြောင့်
သတိထားအိပ်နေရင်းနဲ့တောင် မရှောင်နိုင်ပဲ ကုတင်ပေါ်ကနေ
ပက်လက်ကျသွားတယ်။ ဘယ်သူ့ခြေထောက်လည်းလို့ ပြောပြစရာ
လိုမယ်မထင် ... ပုံမှန်လည်း အအိပ်ကြမ်းတဲ့ P'Arthit တယောက်
ဒီနေ့ဆို အိပ်ရာတခုလုံးကို ဆူနာမီဝင်မွှေထားသလိုဖြစ်အောင်ကို အိပ်နေတာ။

စအိပ်တုန်းက ခေါင်းရင်းမှာ .. နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကုတင်ကို ကန့်လန့်ဖြတ်အိပ်လာတာက ထားပါတော့ ခြေထောက်နှစ်ဖက်လုံး သူ့ဗိုက်ပေါ်ရောက်လာတာအထိလည်းရသေးတယ်။နောက်ဆုံး
ခြေရင်းနဲ့ခေါင်းရင်းတောင် ပြောင်းပြန် အိပ်တဲ့အထိရောက်လာပြန်ပီ ... ကြာလာရင် နာရီလက်တံလို အိပ်ရာထဲ တညလုံးလှည့်နေမှဖြင့် ...

ကုတင်အောက်မှာ ခေါင်းကုတ်ရင်း ထိုင်နေတဲ့သူ့ကို P'Arthit ကတော့ အိမ်မက်ထဲတောင် ထည့်မက်မယ်မထင်။ ရုံးမှာ ပရောဂျက်
တခုလုပ်တာ သူဌေးက သဘောကျလို့ဆိုပီး စားသောက်ဆိုင်ခေါ်သွားပီး ညစာစားပွဲလုပ်ပေးသတဲ့လေ ... အရက်မူးပီးပြန်လာတာတော့
မဟုတ်ပေမယ့် စားချင်တာစားပီး ဗိုက်ပြည့်လာလို့ပဲလားမသိ
အိပ်ရာထဲမှာ သူပါနေစရာမရှိအောင်ကို အိပ်နေတော့တာ ..

" P'Arthit ? "

တုတ်တုတ်မျှပင်မလှုပ် ... နောက်ဆုံး သူပဲ နေရာပြန်ရွှေ့ပေးပီး
စောင်ခြုံပေးထားလိုက်တယ်။စောင်တွေထဲ ပြန်ဝင်တိုးအိပ်ရင်း
နာရီဝက်လောက်ကြာတော့ ...

သူ့ကိုယ်ပေါ်မှာ စောင်လုံးဝမရှိတော့!!ဒါပေမယ့် ဘေးက P'Arthit ကတော့ စောင်ပုံထဲမှာ အိပ်နေလိုက်တာ မျက်နှာလေးပဲဖော်လို့ ...

" P' ..တူတူခြုံမယ်လေ "

" လွှတ် !!!! "

သူဆွဲလိုက်တဲ့စောင်က P'ကိုယ်ပေါ်က နည်းနည်းလေးရွေ့သွားတာနဲ့ ပြန်ဆောင့်ဆွဲလိုက်တဲ့ P' ရဲ့ အားက ဘယ်လောက်တောင်ပြင်းလဲ
ဆိုတာ သူပါ ရှေ့ကိုယိုင်သွားပီး နဖူးက P' ခေါင်းရင်းနားက စားပွဲဆီကို တိုက်ရိုက်။ အိပ်ရင်းနဲ့တောင် စောင်ပြန်လုနေပါရောလား T-T

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now