7 - Arthit is a Big,Bad Liar ( Unicode )

801 48 2
                                    


" Morning !! Arthit "
" Morning .. mr.Sun "

အမြဲနောက်ကျတတ်တဲ့သူကပဲ ဒီနေ့ ရုံးစောစောရောက်နေလို့များလား ? ဒါမှမဟုတ် P'Earth နဲ့ Todd ကပဲနောက်ကျနေတာလား ?

" Morning P'Earth,Todd :) ဒီနေ့တူတူလာကြတာလား ? "

သူမေးလိုက်တာက ရိုးရိုးလေးဆိုပေမယ့် P'Earth က ချောင်းဟန့်
ပီး ဖြေချင်သလိုလိုမဖြေချင်သလိုလိုနဲ့ ဘေးခုံမှာ ဝင်ထိုင်တယ်။Todd တယောက်ကတော့ စပ်ဖြီးဖြီးနဲ့ပါးစပ်ဟလာလိုက် ပြန်ပိတ်သွားလိုက်နဲ့ ... P'Earth ရှေ့မှာရှိနေတဲ့ ငါးကန်ထဲက ငါးလေးနဲ့တောင် တူနေပီ။

" အင်း ... Arthit .. ကျနော်နဲ့ P'Earth နဲ့က .. "

" Todd !! ဟို .. N'Kongpop ပေးလိုက်တဲ့ဟာ Arthit ကိုပေးလိုက်
ဦးလေ "

Todd စကားကို ဖြတ်ပြောလိုက်တဲ့ P'Earth ကြောင့်  သူ Todd
တကိုယ်လုံးကိုအကဲခတ်လိုက်တယ် .. Kongpop ဆိုလို့ P'Earth တို့နဲ့တွေ့ပီးပေးစရာ ဘာရှိလို့လဲ ?

" N'Kongpop က Mr.Sun မနက်စာမယူသွားလို့ လာပေးတာတဲ့ .. ဒီမှာ !! သူ ကျောင်းနောက်ကျနေပီထင်တယ် ဒီကိုသက်သက်ကြီး
ဝင်ပေးရတော့ "

Todd လှမ်းပေးလာတဲ့ မနက်စာဘူးနဲ့ Pinkmilk ကို မြန်မြန်ထယူပီး စားပွဲပေါ်မှာတင်ထားလိုက်ရင်းနဲ့

" ကျေးဇူးပဲနော် Todd "

" အရမ်းကောင်းတဲ့ကောင်လေးရထားတာ မနာလိုလိုက်တာနော် .. အရမ်းချစ်ပြနေကြတာ ဒီက အသက်ကြီးတဲ့သူတောင် မနေနိုင်တော့ဘူး "

P'Earth စလာတဲ့စကားကြောင့် သူ့မျက်နှာက ရဲခနဲ။ သူ နဲ့ Kong
အကြောင်း ကုမ္ပဏီကိုဖွင့်ပြောပီးတည်းက Kongpop နဲ့ပတ်သက်ပီး စနောက်နေတတ်တာ တယောက်နှစ်ယောက်မကတော့ !!

အဲ့ထဲမှာ P'Earth က ထိပ်ဆုံးက .. ပီးရင်တော့ P'Som Oh က ဒုတိယအဆိုးဆုံး !!

" အောက်က ကားပါကင်နားမှာတွေ့တာနဲ့ ပြောရဦးမယ် Mr.Sun !N'Kongpop ရဲ့ ဆိုင်ကယ်ကြီးက လုံးဝအလန်းဇယားကြီးနော် .. တော်တော်လည်း ဈေးကြီးမယ့်ပုံပဲ .. သူနဲ့လုံးဝကို လိုက်တာ "

Todd ရဲ့ ချီးကျူးသံတွေရဲ့နောက်မှာ P'Earth ရဲ့ခေါင်းတညိတ်
ညိတ်နဲ့ထောက်ခံနေတာပါ ကပ်ပါလာတယ်။

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now