2 - Great Morning with You ( Unicode )

1.1K 55 1
                                    


အိမ်ရှေ့ဝရံတာမှာ လာနားရင်း အော်နေကြတဲ့
ငှက်တွေကြောင့် ဒီတခေါက်လည်း သူ အရင်
နိုးလာရပြန်ဘီ။ တော်ရုံဆို မနိုးတတ်တဲ့သူက ဒီရက်ပိုင်း Kong ထက ်ပိုစောစောနိုးဖြစ်နေတာ ထူးဆန်းတယ်မလား? နေပါဦး ... Kong ကပဲ အရင်လို စောစောမနိုးတော့တာများလား?

နာရီကိုလှမ်းကြည့်မိတော့ မနက် ၆နာရီခွဲနေပီ။ ၅ နာရီဆိုအမြဲထနေကြ Kong က ခုထိ အိပ်ရာထဲမှာ အိပ်မောကျနေတုန်း။

ရှုပ်ပွနေတဲ့ဆံပင်တွေက
မျက်တောင်ရှည်လေးတွေကိုတောင် ကွယ်နေပီမို့ သူ လက်တွေနဲ့ဖြည်းဖြည်းချင်း သပ်တင်ပေးလိုက်တော့မှ Kong ရဲ့ ယောကျ်ားပီသတဲ့မျက်ခုံးထူထူတွေကို ရှင်းရှင်းလင်းလင်းမြင်ရတော့တယ်။

မျက်တောင်ရှည်တွေကိုသာ မြင်ရပေမယ့် အရင်လို သူ့ကို စိုက်ကြည့်နေကျ မျက်လုံး
နက်နက်လေးတွေကိုတော့ မတွေ့ရသေးတာမို့ သက်ပြင်းချလိုက်ရင်း Kong နှာခေါင်းလေးကို လက်ညိုးလေးနဲ့ထောက်လိုက်၊ မနာအောင် ဆွဲညှစ်လိုက်နဲ့ လုပ်မိနေတာမို့ အသက်ရှူ
မဝတော့တဲ့ Kong က အိပ်နေရာကနေ
လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

နှာခေါင်းက အသက်ရှူမရတော့လို့
နှုတ်ခမ်းထူထူလေးက ပွင့်လာရင်း
အသက်ရှူလာတာနဲ့အတူ သူ့လက်တွေကို ဖယ်ချနေတာမို့ သူ သဘောတကျနဲ့
ရယ်မိတော့ သွားညီညီလေးတွေပါ ပေါ်လာတဲ့အထိ Kong တယောက် ပြုံးလာ
ပေမယ့် သူမြင်ချင်တဲ့ မျက်လုံးတွေက
မပွင့်လာသေး...

Kong ရဲ့ မေးစေ့ကို သူ့ဘက်
ဆွဲလှည့်မိတော့ အလိုက်တသိနဲ့ ကိုယ်ပါ တခြမ်းစောင်းပေးလာသေး.. သူ့ကို ခုထိ
မကြည့်လာသေးတာမို့ မကျေနပ်နိုင်။

စောင်နဲ့အုပ်နေပေမယ့် အပေါ်ပိုင်း အင်္ကျီမပါလို့ ပေါ်နေတဲ့ Kong ပုခုံးသားတွေကို သူ ဆွဲဆိတ်လိုက်ပြန်ပေမယ့်လည်း လက်တွေကို
သာ ဆွဲချုပ်လာပီး ပြန်ငြိမ်ကျသွားတာမို့ စိတ်မရှည်တော့တာနဲ့ သူ လက်တဖက်
ထောက်ထားရင်း Kong မျက်နှာကို အပေါ်ကနေမိုးပီး ကြည့်နေလိုက်တယ်။

ဘာလို့ အဲ့လောက်တောင် အချိန်တိုင်း ကြည့်ကောင်းနေရပြန်တာလဲ Kong?

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now