11 - The night of Dec 31 with u ( Unicode )

1.5K 79 9
                                    


အချိန်ကာလ : တရုတ်ပြည်သို့ Kongpop ပညာတော်သင်သွားနေသောအချိန်

" Heyyyy P'Arthit "

ဖုန်းထဲမှာမြင်နေရသော ပင်ပန်းနေပုံပေါက်နေတဲ့ Kongpop ရဲ့မျက်နှာကိုအနီးကပ်မမြင်ရခင် ခပ်အက်အက်အသံကနေ စပြီးကြားလာရတယ်။

" Kongpop .. မင်းအသံဝင်နေတာလား ? "

" အင်း ကျွန်တော်ချောင်းဆိုးသက်သာခါစမို့လို့။ဒီမှာက
အေးတဲ့အချိန်နဲ့လာတွေ့နေတော့ နေလို့အဆင်မပြေသေးဘူး P' "

ချွဲချင်နေတဲ့အသံနဲ့ မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နှုတ်ခမ်းကိုမဲ့ပြရင်း အဲ့ဘက်ရာသီဥတုအခြေအနေကို
တိုင်တန်းကာတင်ပြနေပုံက သနားဖို့ကိုမကောင်း။ဖုန်းကို အနီးကပ်ကြီးကိုင်ထားလို့ မျက်နှာကိုပြူးပြဲစွာမြင်နေရတော့ စကားပြောတိုင်းထွက်လာတဲ့ အငွေ့လေးတွေက ဘယ်လောက်အေးနေကြောင်းပြတဲ့သက်သေတွေလိုပင်။

" မင်း ... အသံဝင်ချင်နေတဲ့ဟာ အဆောင်ရောက်တာနဲ့
ရေနွေးပူပူလေးသောက်ပြီးစောစောအိပ်သင့်တယ်။ခုလို အပြင်ဘက်ကြီးမှာ အေးရအေးနဲ့ စကားပြောနေရတော့ ဘယ်သက်သာမလဲ ? လည်ချောင်းပို .. "

" ကျွန်တော်က P' နဲ့စကားပြောချင်လွန်းလို့ဖုန်းခေါ်လိုက်တာလေ ... ခု ဒီမှာက ၁၂နာရီဖြစ်နေပြီ။ အဲ့တော့ ကျွန်တော်နဲ့ P' ကြာကြာဖုန်းပြောကြမယ် ထိုင်းနိုင်ငံရဲ့စံတော်ချိန်အနေနဲ့ဆို နောက်နှစ်အထိပေါ့ "

" ဟာ .. မပြောရပါဘူး။ Bangkok က အချိန်ကိုစောင့်ပြီး
ပြောနေရရင် အကြာကြီးပြောနေရတာနဲ့အိပ်ရေးပျက်မယ် "

Kongpop ဘာလုပ်ချင်လဲ သူကောင်းကောင်းသိတာပေါ့။ ဒီနေ့က Dec 31 ဖြစ်နေတော့ သူ့ရဲ့ရိုချင်တဲ့အကွက်တွေကိုထုတ်သုံးဖို့ ကွက်တိဖြစ်နေတယ်မလား။ဒါပေမယ့် ကျောင်းစာတွေနဲ့လုံးပန်းနေတဲ့ Kongpop တယောက် အိပ်ရေးပိုပျက်နေမှာကို မလိုချင်မိ။

" ဒီတညတည်းပဲ ကြာကြာပြောမယ့်ဟာ "

" မင်း ... သူငယ်ချင်းတွေနဲ့သွားပျော်ပါးစရာမရှိဘူးလား "
" မရှိပါဘူး P' .. ကျွန်တော်သာ Bangkok မှာဆိုရင် ဒီနေ့ကို P'Arthit နဲ့အပြင်လျှောက်လည်ပြီးကုန်ဆုံးနေမိမှာ။
ဒီအဆောင်မှာက နိုင်ငံခြားသားတွေကလည်းအသီးသီးဆိုတော့ အပြင်ထွက်ပြီး Party တက်ကြမယ့်သူတွေကြီးပဲ "

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now