8 - Battle (1) ( Unicode )

890 47 0
                                    



အချိန်ကာလ : Kongpop ၏ အလုပ်သင်ကာလပြီးဆုံးပြီးနောက် ကျောင်းပြန်တက်နေရသောအချိန်

____________________________________

ညနေခင်းဖြစ်နေပြီဖြစ်သည့်အတွက် တဣသိုလ်ကျောင်းဝန်းကြီးအတွင်းမှာတော့ ကျောင်းသားကျောင်းသူတွေက အိမ်ပြန်ကြဖို့အတွက် အသီးသီး အခန်းဆောင်တွေထဲကနေထွက်လာတယ်။ လူငယ်သဘာဝ လူစုံတက်စုံမြင်ရတော့ စနောက်ရယ်မော တွန်းထိုးကြရင်းနဲ့ ထွက်လာကြတဲ့အထဲမှာတော့ Hazer ဖြစ်ဖို့လေ့ကျင့်နေရတဲ့သူတွေတော့မပါ။

အင်ဂျင်နီယာ ဒုတိယနှစ်မှ ရွေးချယ်ခံထားရတဲ့အုပ်စုက နောက်နှစ်တတိယနှစ်ဖြစ်လာရင် Hazing လုပ်ဖို့အတွက် ယခုတည်းက လေ့ကျင့်ခံနေရတာကို လူတိုင်းသိသည်။ဒီ့ထက်ပိုသိကြတာက ထိုအုပ်စုကိုလေ့ကျင့်ပေးနေသည့်သူများသည် ကျောင်းရှိ အချောတကာ့အချောဆုံးစာရင်းထဲတွင် ထိပ်ဆုံးက မဆင်းပေးသေးသည့် P'Kongpop နှင့် သူ့ရဲ့ Hazer အုပ်စုကိုပင်။

စတုတ္ထနှစ်ဖြစ်နေပြီဖြစ်တဲ့ P'Kongpop ၏ တည်ငြိမ်မှု၊ယဉ်ကျေးမှု၊စာကြိုးစားမှုနဲ့ ရုပ်ရည်သတင်းက တခြားကျောင်းများမှာပင် သတင်းမွှေးလျှက်။ သူငယ်ချင်းများက မည်မျှပင်အပြောင်အပျက်ပြောပြီး စနောက်နေပါစေ P'Kongpop ဆီမှ ရယ်သံခပ်တိုးတိုးသာကြားရသည်။ မိန်းကလေးများက မည်မျှပင် အထာပေးပေး P'Kongpop က မျက်ကန်းပမာ ဘာမှမသိ။

ကျောင်းရှိ ပရော်ဖက်ဆာများတွင်သာမက ကျောင်းအုပ်ရော
Intern ဆင်းလာခဲ့သည့်နေရာမှ သူများနှင့် အကြီးအကဲများ၏ ပါးစပ်ဖျားတွင် P'Kongpop ၏ လိမ္မာယဉ်ကျေးသိတတ်မှုများသည် ယခုအချိန်ထိ ပြောမဆုံးနိုင်သေး။

အမြဲစာနှင့်မပြတ်ဘူးလားဆိုတော့လည်းမဟုတ်၊အိမ်မှာ အသင်အပြကောင်းတဲ့ဂိုက်ပဲခေါ်ထားသလားထင်ရလောက်အောင် ဘာသာရပ်တိုင်းမှာ အမှတ်ကောင်းနေတဲ့ P'Kongpop က ကျောင်းပြီးရင်တော့ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ အလုပ်တန်းပင်ဝင်နိုင်လောက်သည်။

P'Kongpop တယောက် ကျောင်းမှာ Moon ဖြစ်လာသည့်နှစ်မှစ၍ နှစ်တိုင်းပေါ်လာခဲ့သည့် Moon တွေလည်း P'Kongpop နီးပါးလောက်ချောပေမယ့် စီနီယာအကြီးတန်းကအစ ခုစဝင်လာတဲ့ဂျူနီယာအငယ်တန်းအဆုံး P'Kongpop ကိုသာ အချောဆုံးဟု ရွေးရွေးပြောကြသည်အထိ ရုပ်ရည်ပိုင်းဆိုင်ရညမှာ အမှတ်ပြည့်ရထားသူဖြစ်သည်။

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now