5 - Calculus Time with Mr.Tutor ( Unicode )

827 51 1
                                    

Time - 2nd year Kongpop & 4th year Arthit

Calculus စာမေးပွဲက နီးလာလေလေ Calculus မပိုင်တဲ့
သူ့အတွက်ကတော့ စားလည်း သိပ်စားမဝင်၊အိပ်လည်း စာမေးပွဲ
မဖြေနိုင်တဲ့အိမ်မက်တွေပဲ မက်မက်နေလို့ သိပ်အိပ်မပျော်နိုင်၊
နောက်နှစ် Hazer ဖြစ်မှာမို့ Hazing အတွက် လေ့ကျင့်ချိန်တွေမှာ
တောင် စိတ်မဖြောင့်၊အဆိုးဆုံးက P'Arthit ကျောင်းမှာရှိချိန်
ခဏလေးတွေ့ရတာတောင် Calculus စာမေးပွဲက ခေါင်းထဲဝင်
ဝင်လာတာပဲ :(

" Kongpop !! ဘာတွေ အဲ့လောက်တွေးနေရတာလဲ ?"

ဘေးမှာ Pinkmilk ဘူးက ပိုက်ချောင်းလေးကို စုပ်လိုက်၊လက်နဲ့
ကစားလိုက်လုပ်နေရင်း မေးလာတဲ့ P' ကို သူ မျက်နှာငယ်လေးနဲ့

" P' ... ကျနော် စာမေးပွဲမဖြေနိုင်မှာကြောက်တယ် .. "

" Calculus လား ? ဒီလောက်လွယ်တာကို "

P' စကားကြောင့် ခေါင်းညိတ်ပြမလို့လုပ်နေရာကနေ
စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ်မှာတင်ထားတဲ့ လွယ်အိတ်ပေါ်ကိုသာ မျက်နှာကိုမှောက်ချပလိုက်ရတယ်။

ပြောအားရှိတာပေါ့ Calculus ဆို အမှတ်အများဆုံးရထားတာကိုး :/

" ကျနော်မှ မရတာ ... ကျနော် စီးပွားရေးပဲပြောင်းတက်ရင်
ကောင်းမလား P' ? "

" ဟာ မရဘူးနော် Kongpop !! မင်း ဒါလေးမရတာနဲ့မပြောင်းနဲ့လေ ငါဘာပြောထားလဲ! မင်းခု မတက်ချင်ဘဲ ယူထားတဲ့နေရာက
ဒီအင်ဂျင်နီယာကျောင်းကိုတက်ချင်ရက်နဲ့ မင်းကြောင့်ပြုတ်သွားတဲ့
သူရဲ့နေရာနော် "

အရမ်းအားရှိအောင်ပြောပေးနေတဲ့ P' ရဲ့ အားပေးစကားတွေကြောင့် သူခေါင်းတောင်ပြန်မထောင်နိုင်တော့။

ခဏမျက်လုံးမှိတ်ထားလိုက်တော့ P' လက်ချောင်းလေးတွေက သူ့ဆံပင်တွေကို ဖွလာရင်း

" ဒီကျောင်းမှာ ငါလည်းရှိတယ် မင်းသူငယ်ချင်းတွေလည်းရှိတယ်
မင်းကိုချစ်ကြတဲ့ဆရာတွေလည်းရှိတယ်။ မင်းနဲ့ခင်တဲ့စီနီယာ
ဂျူနီယာတွေလည်းရှိတယ် ...ဒါတောင် တကယ်ထွက်ချင်တာလား ? "

သူခေါင်းလှဲချထားနေရာကနေ ခေါင်းခါပြတော့ P' က သူနဲ့အပြိုင်
ခေါင်းလှဲချလာရင်း

You are the Only One 3 (SOTUS S Fanfiction)Where stories live. Discover now